အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2026
image_latest


နေပြည်တော် မေ ၄

အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချမှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် YCTA နှင့် YBS တို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် ကြီးကြပ်မှုအောက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိများက Video Conferencing စနစ် ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအလိုက် စက်သုံးဆီအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေသကဲ့သို့ မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေး လုပ်ငန်းစဉ်များသည် တည်ငြိမ်လာခဲ့ပြီး ဈေးနှုန်းများကို မျှတစွာ စီမံဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍများအတွက် စက်သုံးဆီများကို စနစ်တကျ စီမံခန့်ခွဲသွားမည့် အစီအမံများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့ (CNG) များကို ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေးနေပါကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာဆီယံနိုင်ငံများထဲတွင် အချိုသာဆုံး ဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များကို သုံးစွဲခြင်းဖြင့် လောင်စာဆီကုန်ကျမှုမှာ သက်သာမှုရှိသည့်အတွက် CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ YBS ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူ ပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာမောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရေး မျှောစာထုတ်ပေးရာတွင် Application ရေးဆွဲပြီး QR Code စနစ် အသုံးပြုနိုင်ပြီဖြစ်သဖြင့် စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်စေပြီး ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်စေလျက်ရှိခြင်း တို့ပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင် တော့မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှု များစွာလျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး မြစ်တွင်းသွားရေယာဉ်များအတွက် စက်သုံးဆီဖြန့်ဖြူးပေးရန် စံလုပ်ထုံးလုပ်နည်းများရေးဆွဲပြီးဖြစ်၍ မကြာမီထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကဖြစ်ရာ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းမှသာ ပြည်သူလူထု လေးစားအားကိုး ယုံကြည်မှုရရှိမည် ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုး ပြုနေသည့်ဝန်ထမ်းများ၊ Stakeholder များအနေဖြင့် စေတနာထားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် စက်သုံးဆီသုံးစွဲမှုစနစ်အား ကြပ်မတ်ထိန်းကျောင်းပေးနေမှု၊ မလိုလားအပ်သော နေရာများသို့ စက်သုံးဆီများ ရောက်ရှိမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှု အခြေအနေ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) နှင့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီတို့မှ တာဝန်ရှိသူများက အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း၊ ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ပိုင်ရှင် များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချမှုအခြေအနေကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၁၆ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download