အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင် ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်) သုတေသနစာတမ်းဖတ်ပွဲကျင်းပ
အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင် ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်) သုတေသနစာတမ်းဖတ်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 02, 2024
နေပြည်တော် အောက်တိုဘာ ၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသော “ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်)” သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားပြီး သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် “ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်)” သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာသမိုင်းအဖွဲ့၊ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက “ပုရပိုက်အထောက်အထားများတွင်တွေ့ရသော ရွှေပြည်ရန်အောင် မြင်းမြေ အရှေ့လက် လူမှုစီးပွားရေးသမိုင်း” စာတမ်း၊ ရေနံချောင်းတက္ကသိုလ်၊ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာချိုချိုမြင့်နှင့် ပါမောက္ခ၊ ဌာနမှူးဒေါက်တာကျော်ဆွေဦးတို့က “ကုန်းဘောင်ခေတ် ဒုတိယ အကြိမ် တရုတ်-မြန်မာ ချစ်ကြည်ရေးသံခင်းတမန်ခင်း” စာတမ်းအား ဖတ်ကြားဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်း စာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းက “ကုန်းဘောင်ခေတ်စစ်တမ်းထဲမှ မုတ္တမမြို့” စာတမ်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းယုခိုင်က “ဟံသာ၀တီ (၃၂)မြို့မှ ကျေးရွာ၊ အိမ်ခြေနှင့် လူဦးရေစာရင်းပါဝင်သော စစ်တမ်းများအား လေ့လာခြင်း” စာတမ်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်းက “ရေနံချောင်း စိန်ပန်းကျောင်းတိုက်မှ ပုရပိုက်မှတ်တမ်းများကို ပုံဖော်ခြင်း” စာတမ်းနှင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “စလေရုပ်စုံကျောင်းနှင့် ကိုးဆောင်ကျောင်းရှိ ပုရပိုက်မှတ်တမ်းများကို သမိုင်းအမြင်ဖြင့် ပုံဖော်ခြင်း” စာတမ်းများအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ ဒေါက်တာစိန်မြင့်နှင့် မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးတင်ခြုံတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့တက်ရောက် လာကြသူများက အကြံပြုလိုသည်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ ဖတ်ကြားခဲ့သည့် စာတမ်းများနှင့်ပတ်သက်၍ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်ဒေါက်တာမြင့်သိန်းက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ သဘာပတိများနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ညနေ (၄:၅ဝ) နာရီတွင် ရုပ်သိမ်းသည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များ တက်ရောက်ခဲ့ကြပြီး သီးခြားဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဝန်ကြီးဌာနအသီးသီးမှ သမိုင်းနှင့် သုတေသနဆိုင်ရာ စိတ်ပါဝင်စားသူများ စုံလင်စွာတက်ရောက်ကြောင်း သတင်းရရှိသည်။
ဖြူလူသစ်
သတင်းစာများ - ၃၅၃၈ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
