အရည်အသွေးမြင့် တန်ဖိုးမြှင့် MSME ထုတ်ကုန်တွေကို စျေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချနိုင်ဖို့က နည်းပညာပိုင်းကလည်း အခရာကျတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 17, 2025
image_latest


(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းပြသပြီး နည်းပညာ၊ အသိပညာများ ဆွေးနွေးဖြန့်ဝေပေးလျက်ရှိသည့်အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများ သိရှိနိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည် -

မေး။ ။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်းမှာ MSME လုပ်ငန်းရှင်တွေက နည်းပညာပံ့ပိုးပေးဖို့ တောင်းခံမှုတွေရှိတယ်လို့ သိရှိရတဲ့အတွက် ဒီအပေါ်မှာ ပထမဆုံး ဆွေးနွေးသုံးသပ်ပေးပါ။

ဖြေ။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကရရှိတဲ့ ဒေသထွက်ကုန်ကြမ်းတွေကနေ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းကသာ နိုင်ငံ့အမျိုးသားရေးရည်မှန်း ချက်တွေနဲ့ နိုင်ငံတော်ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ အမှန်တကယ် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေက ထုတ်လုပ်ရရှိတဲ့ ဒေသထွက်ကုန်ကြမ်းတွေဆိုတာက ဘယ်တော့မှ ကုန်ခန်းသွားတယ်ဆိုတာ မရှိနိုင်ပါဘူး။

သတ်မှတ်ကာလအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ ကုန်ကြမ်းတွေက ပြန်လည်ရရှိနိုင်တယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေကိုသာ အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရင် သားစဉ်မြေးဆက် လက်ဆင့်ကမ်းဆောင်ရွက်သွားနိုင်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ ထုတ်ကုန်လုပ်ငန်းတွေလို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ အရည်အသွေးမြင့် တန်ဖိုးမြှင့် MSME ထုတ်ကုန်တွေကို စျေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချနိုင်ဖို့က နည်းပညာပိုင်းကလည်း အခရာကျတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ MSME ထုတ်လုပ်ရေးကွင်းဆက်တစ်လျှောက် နည်းပညာရွေးချယ်မှုမှန်ကန်ဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်ရေး ကွင်းဆက်အတွင်းက လုပ်ငန်းစဉ်တွေဟာ စံချိန်စံညွှန်းတွေနဲ့ အညီဖြစ်ဖို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ခေတ်မီနည်းပညာသုံး စွမ်းရည်မြင့် စက်ပစ္စည်းကိရိယာတွေနဲ့ လည်ပတ်သုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် စွမ်းအင်သုံးစွဲနိုင်မှုကို ချွေတာနိုင်တဲ့အပြင် ထုတ်လုပ်ရေးအတွက် အချိန်ကုန်သက်သာ၊ ထုတ်လုပ်စရိတ်သက်သာလာနိုင်မှာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ထုတ်ကုန်တွေကို အရည်အသွေးထောက်ခံချက်တွေ၊ အသိအမှတ်ပြုမှုတွေနဲ့အညီ ထုတ်လုပ်ထားတယ်ဆိုတာ အဓိကပြသနိုင်မယ်။ ပြီးတော့ ပြည်တွင်းနဲ့နိုင်ငံတကာ စျေးကွက်တွေရဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ ဖော်ထုတ်ပြသနိုင်သွားမှာဖြစ်ပါတယ်။

အဓိကကတော့ MSME လုပ်ငန်းရှင်တွေဆီမှာ နည်းပညာဆိုင်ရာ ပုစ္ဆာတွေ၊ အရည်အသွေး အသိအမှတ်ပြုမှု ထောက်ခံချက်ရရှိဖို့ ပံ့ပိုးပေးဖို့ လိုအပ်ချက်တွေ၊ လုပ်ငန်းခွင်အခက်အခဲတွေ ရှိနေတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနမှာရှိတဲ့၊ သုတေသနရပ်ဝန်းထဲမှာရှိတဲ့ ဌာနတွေ၊ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သုတေသနအဖွဲ့တွေနဲ့ ဓာတ်ခွဲခန်းတာဝန်ခံတွေမှာ လုပ်ငန်းရှင်တွေရဲ့ ပုစ္ဆာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် သီအိုရီဆိုင်ရာ အဖြေတွေရှိနေတယ်။ တိကျမှန်ကန်စွာ တိုင်းတာစစ်ဆေးပေးနိုင်မယ့် စက်ပစ္စည်းကိရိယာတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဝန်ကြီးဌာန ပြခန်းတွေမှာ နည်းပညာပံ့ပိုးပေးဖို့ တောင်းခံကြပါတယ်။

မေး။   ။ ဒီလို နည်းပညာပံ့ပိုးပေးဖို့ ပြပွဲကနေတစ်ဆင့် တောင်းခံမှုအခြေအနေကိုလည်း သိရှိပါရစေ။

ဖြေ။ ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကနေ ပြခန်းအမှတ် (၆)နဲ့ ပြခန်းအမှတ်(၂၇) Digital Corner ပြခန်းနှစ်ခုပြသထားပါတယ်။ ဒီပြခန်းနှစ်ခုပေါင်းမှာ ပြပွဲအစကနေ ပြပွဲနောက်ဆုံးနေ့ ဒီနေ့မနက်ပိုင်းအထိ နည်းပညာပိုင်းပံ့ပိုးပေးဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းခံသူ ၅၀၊ နည်းပညာဝန်ဆောင်မှုနဲ့ သင်တန်းပေးဖို့ တောင်းခံသူ ၂၁၀ ရှိခဲ့ပါတယ်။ ပြီးတော့ မြန်မာစံချိန်စံညွှန်းစာအုပ် (၄၆) အုပ် ဝယ်ယူသူတွေလည်းရှိခဲ့တယ်။ တိကျမှန်ကန်စွာ တိုင်းတာမှု၊ မြန်မာစံချိန်စံညွှန်းနဲ့ ISO ရယူရေးကိစ္စ မေးမြန်းဆွေးနွေးတောင်းဆိုသူ ၉၂ ဦး ရှိခဲ့ပါတယ်။ MSME ထုတ်ကုန်တွေရဲ့ စံနှုန်းအရည်အသွေးတွေကို စမ်းသပ်စစ်ဆေးပေးဖို့ ပေးပို့တာတွေလည်း ရှိပါတယ်။

ဒါကြောင့် ဒီပြပွဲကနေ MSME လုပ်ငန်းရှင်တွေရဲ့ သက်ဆိုင်ရာလုပ်ငန်းအလိုက် ပိုမိုတိုးတက်အောင်မြင်စေဖို့ နည်းပညာလိုအပ်ချက်တွေ၊ စိန်ခေါ်မှုအခက်အခဲတွေကို သိရှိရတယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်မယ့် သုတေသနစမ်းသပ်မှုတွေ၊ လေ့လာမှုတွေအပါအဝင် ဘာတွေလုပ်ဆောင်ပေးရမယ်ဆိုတာ သိရှိခဲ့ရပါတယ်။

မေး။ ။ လုပ်ငန်းရှင်တွေအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမယ့် အရာတွေကိုလည်း သိပါရစေ။

ဖြေ။ ။ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲပြီးတာနဲ့နိုင်ငံတော်ရဲ့ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးပူးပေါင်းပြီး ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ ဒီပြပွဲကနေ တောင်းခံထားတဲ့ နည်းပညာလိုအပ်ချက်တွေ၊ နည်းပညာစွမ်းရည်မြှင့်သင်တန်းတွေ ပို့ချပေးနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုပြပွဲကြီးကတော့ စက်မှုဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာအားလုံးပါဝင်ပြီးတော့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်း-စီးပွားချိတ်ဆက်မှုတွေ၊ စီးပွားရေးသံမှူးတွေနဲ့ အွန်လိုင်းကနေ ချိတ်ဆက်ဆွေးနွေးမှုတွေ၊ လုပ်ငန်းအချင်းချင်းချိတ်ဆက်မှုတွေ၊ ကိုယ့်လုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အကြံဉာဏ်တွေ၊ အရည်အသွေးမြှင့်တင်ရေးအသိပညာတွေ၊ MSME ကွန်ရက်ကိုလည်း ပိုမိုချဲ့ထွင်နိုင်ပြီး ပြည်တွင်းဖူလုံမှုမှသည် နိုင်ငံတကာ စျေးကွက်အထိ ချဲ့ထွင်ထိုးဖောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးမှုတွေ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအပါအဝင် နည်းပညာအသစ်အဆန်းတွေသုံးစွဲဖို့ အသိသစ်၊ အမြင်သစ်တွေကို ရရှိခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။

မေး။  ။ လုပ်ငန်းရှင်တွေအတွက် အစီအစဉ်သစ်တွေ ဆောင်ရွက်မှာရှိရင်လည်းပြောကြား ပေးပါ။

ဖြေ။ ။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲ Website ကို အင်တာနက်ပေါ် လွှင့်တင်နိုင်အောင်လည်း လမ်းညွှန်ချက်တွေနဲ့အညီ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေးဆွဲ ဖန်တီးသွားဖို့လည်းရှိပါတယ်။ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီ Website ကနေတစ်ဆင့်ချိတ်ဆက်မှုတွေ၊ အကြံဉာဏ်တောင်းခံမှုတွေကို လုပ်ဆောင်သွားနိုင်မယ်။ ဒီကနေတစ်ဆင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော်တို့ဌာနအနေနဲ့ လာမယ့်နှစ်တွေမှာ ကျင်းပမယ့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲတွေမှာ ဆုချီးမြှင့်ခြင်း အခမ်းအနားအပါအဝင်၊ နည်းပညာဆိုင်ရာ ဆောင်ရွက်ဖို့အပါအဝင် လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ ပိုမိုဆန်းသစ်တဲ့ နည်းပညာတွေကို တီထွင်ဖန်တီးဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

မေးမြန်း-ဝင်းဝင်းမင်း၊ ဓာတ်ပုံ-ကိုကြီးထိန်

သတင်းစာများ - ၃၁၀၃ ခု

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download