အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဆိုင်ရာ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2026
image_latest


နေပြည်တော် ဧပြီ ၃၀

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန အတွင်းရေးမှူး MA. CRISTINA A.ROQUE က ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသည့် အခြေအနေများသည် အာဆီယံအတွက် စွမ်းအင်လုံခြုံရေးသာမက စားရေရိက္ခာစနစ်များ၊ ထောက်ပံ့ ရေးကွင်းဆက်များနှင့် စီးပွားရေးစွမ်းဆောင်ရည်များကိုပါ ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုများဖြစ်ပေါ် စေပါကြောင်း၊ ကမ္ဘာ့စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများသည် စွမ်းအင်တင်သွင်းမှုအပေါ် အထူးမှီခိုနေရသည့်နိုင်ငံများကို ထိခိုက်စေသဖြင့် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအရှိန်မြှင့်တင်သင့်ပါကြောင်း၊ ထို့ပြင် အရှေ့အလယ်ပိုင်းအကျပ်အတည်းသည် ကမ္ဘာ့စားရေရိက္ခာထောက်ပံ့ရေးကွင်းဆက်နှင့် စျေးနှုန်းတည်ငြိမ်မှုအပေါ် သက်ရောက်နိုင်မှုများနှင့်ပတ်သက်၍ ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းတို့သည် စားရေရိက္ခာတင်သွင်းရသည့် စီးပွားရေးလုပ်ငန်းများအပေါ် ဖိအားဖြစ်စေပါ ကြောင်း၊ ထို့ကြောင့် အရေးပေါ်စားရေရိက္ခာ အရန်ထားရှိမှုများကို မြှင့်တင်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်သွယ်ရေးစီးဆင်းမှုများတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၆-၂၀၃၀) အောက်ရှိ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန်၊ မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်သွား၍ အာဆီယံဒေသ၏ စွမ်းအင်ကူးပြောင်းမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် အရင်းအမြစ်များကို စုစည်းနိုင်မည်ဖြစ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်းစီးပွားရေး စွမ်းဆောင်ရည်နှင့် အနာဂတ်အလားအလာများ၊ အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများနှင့် ကမ္ဘာ့စွမ်းအင်စျေးကွက်၊ ထောက်ပံ့ရေးကွင်းဆက်များ၊ စားရေရိက္ခာလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်ပြောင်းလဲမှုများ ကြောင့် အာဆီယံစီးပွားရေး၏ အဓိကကျောရိုးဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ (MSMEs) အပါအဝင် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအပေါ် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း ယင်းပဋိပက္ခ၏ သက်ရောက်မှုများကို ဖြေရှင်းရန်အတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့၊ အာဆီယံစီးပွားရေးအကြံပေး ကောင်စီတို့မှ တာဝန်ရှိသူများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ၏ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၁၂ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download