အလုပ်သမားဝန်ကြီးဌာန ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
အလုပ်သမားဝန်ကြီးဌာန ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 09, 2024
နေပြည်တော် အောက်တိုဘာ ၈
အလုပ်သမားဝန်ကြီးဌာန ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အားကစားပြိုင်ပွဲများမှတစ်ဆင့် ဝန်ထမ်းများ၏ အရည်အချင်းများကို ဖော်ထုတ်ပြီး ထူးချွန်အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားကြရန်နှင့် အမျိုးသားအဆင့် အားကစားပြိုင်ပွဲများတွင် ဝန်ကြီးဌာနဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသမားများအဖြစ်ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုပြီး အားကစားနည်းများအလိုက် ပြိုင်ပွဲများကို စတင်ကျင်းပရာ မီတာ (၁၀၀) အပြေးပြိုင်ပွဲ (ကျား၊ မ) တစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၂၀၊ မီတာ (၂၀၀) အပြေးပြိုင်ပွဲ (ကျား၊ မ) တစ်ဦးချင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၂၀၊ မီတာ (၄ x ၁၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ (ကျား၊ မ) အသင်းလိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၄၀ နှင့် အလျားခုန်ပြိုင်ပွဲ (ကျား၊ မ) တစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၁၀ ဦး စုစုပေါင်း ပြိုင်ပွဲဝင် ကစားသမား ၉၀ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒိုင်များက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ် ဆောင်ရွက်ပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြေးခုန်ပစ်အားကစားဒိုင်အဖွဲ့များကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံကိုယ်စားပြုအားကစားသမားများ မွေးထုတ်နိုင်ရေး၊ ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိစေရေးတို့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လအလိုက်အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဖူဆယ်အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၀၁၉ ခု
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download