အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၅၇) အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / October 31, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၅၇) ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က အသိပညာမျှဝေရေးဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့အကြုံများစသည့် ကဏ္ဍ ပေါင်းစုံကို ဤရုံးဝန်ထမ်းများ၊ အခြားဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပြင်ပပညာရှင် များမှ ဆွေးနွေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် (၅၇) ကြိမ်မြောက်ရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း မြေယာစီမံခန့်ခွဲမှုများဥပဒေနှင့်အညီ ဖြစ်စေရေး ရည်ရွယ်၍ “မြေအသုံးချမှု စီမံခန့်ခွဲရေး” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ မြေအသုံးချမှုစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ မြေအမျိုးအစားအလိုက်အုပ်စုခွဲထားမှု၊ မြေယာအုပ်ချုပ်မှု နှင့်စီမံခန့်ခွဲမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိသောမြေများ၊ အခြားမြေယာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ မြေယာစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ကိုင်တွယ်ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများ၊ မြို့နှင့်ကျေးရွာမြေများ စီမံခန့်ခွဲခြင်း၊ အောက်မြန်မာနိုင်ငံ/အထက် မြန်မာနိုင်ငံရှိ မြေအမျိုးအစားများနှင့် မြေအမျိုးအစားများ၏ အခွင့်အရေးများ၊ မြေဂရန်(Grant)/ မြေငှားစာချုပ်(Lease) ထုတ်ပေးခြင်း၊ မြေသိမ်းဆည်းခြင်း၊ မြေလွှဲပြောင်းပေးခြင်း၊ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ၊ အစိုးရမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ နေထိုင်အသုံးပြုသူအား အရေးယူခြင်း၊ ကျေးရွာမြေငှားဂရန် ဆောင်ရွက်မှုများ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပေးမည်ဖြစ်သည့်အတွက် အသိပညာဗဟုသုတများ၊ မြေအသုံးချမှုစီမံခန့်ခွဲရေး အကြောင်းအရာများကို သိရှိနားလည်ပြီး စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ချိတ်ဆက်အသုံးပြုကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေး သည့်အကြောင်းအရာများကိုလည်း သေချာစွာဂရုပြုနားထောင်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် “မြေအသုံးချမှု စီမံခန့်ခွဲရေး” ဟူသောခေါင်းစဉ်ဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစန်းလှိုင်က မြေအသုံးချမှုစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ မြေယာဌာန၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိသော မြေများ စသည်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်‌ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ကြည်ကြည်သော်မှ ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၇၀၃) ဦး တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၃၃၅ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download