အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များဖြင့် နိုင်ငံတည်ဆောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 16, 2025
image_latest


“နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတ ပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်ကာ အမှား၊ အမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်ရန် အရေးကြီးပါသည်” ဆိုသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာစကားကို မှတ်သားရသည်။

ပညာသည် နိုင်ငံသားတစ်ဦးချင်းစီအတွက်သာမက နိုင်ငံအတွက်ပါ အရေးပါသော တန်ဖိုးကြီးမားသည့် ဥစ္စာဖြစ်သည်။ ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းတို့သည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် များစွာအထောက်အကူပြုသော ပင်ကိုဉာဏ်ရည်ဉာဏ်သွေးများပင်ဖြစ်သည်။ ပညာရေးသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဖွံ့ဖြိုးစေသော အခြေခံအင်အားဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ဘဝကို တိုးတက်စေနိုင်သည်သာမက နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးနိုင်သည်။

နိုင်ငံသားတိုင်း အခြေခံပညာသင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းပညာသင်ကြားခွင့်ရရှိရေးနှင့် လူတိုင်းအကျုံးဝင်ပညာရေးကို အားပေးလျက်ရှိသည်။ အမျိုးသားပညာရေးကို မြှင့်တင်ရေးအတွက် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ခြင်း၊ ဆရာ ဆရာမများ သင်ကြားသင်ယူမှုအရည်အသွေးမြှင့်တင်ခြင်း၊ သင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကာ ပညာရေးအသုံးစရိတ်များကို နှစ်စဉ် တိုးတက်သုံးစွဲခွင့်ပြုပေးလျက်ရှိသည်။ ဆရာ ဆရာမများကလည်း ပညာသင်ကြားပေးရုံသာမက ဗလငါးတန်နှင့်ပြည့်စုံသော၊ အနာဂတ်တွင် နိုင်ငံတော်က အားကိုး အားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးရမည်ဖြစ်သည်။

ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား အသိပညာ၊ အတတ်ပညာ တတ်မြောက်ရေးသာမက ပညာရေးဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပျိုးထောင်ပေးရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ဆင်ခြင်ဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွေး ပြည့်စုံသော ပညာတတ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းနေနိုင်ရေး အခမဲ့ပညာ ရေးကို ကျင့်သုံးလျက်ရှိသည်။

အလယ်တန်းပညာပြီးမြောက်ပြီးသူများကို စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်ကြားတတ်မြောက်ပြီးသည့် လူသားအရင်းအမြစ်များက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာအောင် စဉ်ဆက်မပြတ် မြှင့်တင်ပေးရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ တစ်ရပ်လုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ကြရေးသည် အဓိကကျသည်။ မြန်မာနိုင်ငံအတွက် လိုအပ်နေသည်မှာ ငြိမ်းချမ်းရေးဖြစ်၍ တွေ့ကြုံခဲ့ရသော အတိတ်နှင့် ပစ္စုပ္ပန်ဖြစ်ရပ်များကို သင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေးအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်း အမွေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မျိုးဆက်သစ်လူငယများအား ကောင်းမွန်သောအမွေပေးနိုင်ရန်အတွက် မှန်ကန်သောအသိအမြင်၊ ဗဟုသုတများကို ပေးဝေနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ငြိမ်းချမ်းသာယာဝပြောရေးအတွက် အခြေခံကျသည့် အမျိုးသားပညာရေးကို မြှင့်တင်အားပေးခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၃၅၁ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download