အားကစားနည်း(၁၆)နည်း လူငယ်လူရွယ် ၉၅၀ ဦးဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / March 08, 2025


ဘားအံ - မတ် (၈)

နွေရာသီကျောင်းပိတ်အားလပ်ရက်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားကို စနစ် တကျတတ်သိနားလည်လေ့ကျင့်လာစေရန် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အောင်သံလွင်အားကစား ကွင်း၌ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှလေ့ကျင့်သင်ကြားပေးသည့် အားကစားနည်းစနစ်သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားပြီး ကရင်ပြည်နယ်နှင့်နိုင်ငံ့ဂုဏ်ကိုမြှင်တင်နိုင်သည့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်ကြိုးစားကြစေလိုပြီး ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်အောင် မိမိကိုယ်မိမိလေ့ကျင့်ပြုစုပျိုးထောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

နွေရာသီအခြေခံအားကစားသင်တန်းကို ဘောလုံး၊ ပြေးခုန်ပစ်၊ ဂျူဒို၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ကြက်တောင်၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ရေကူး၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ဗိုဗီနမ်၊ ခရစ်ကက်၊ ဟော်ကီ စသည့်အားကစားနည်း(၁၆)နည်းတွင် သင်တန်းသား၊သင်တန်းသူ ၉၅၀ ဦးတက်ရောက် ကြပြီး အဆင့်မီနည်းပြဆရာများဖြင့် မတ်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသား/ သင်တန်းသူများအား လိုက်လံတွေ့ဆုံနှုတ်ဆက်၍ သက်ဆိုင်ရာသင်တန်းများအလိုက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍ သရုပ်ပြဖျော်ဖြေပေးကြသော မြန်မာ့သိုင်းအဖွဲ့၊ Fitness Dance အဖွဲ့၊ ဗိုဗီနမ်အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်း အမှတ်အခမ်းအနားကို “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် မတ်လ ၈ ရက် နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ အမျိုးသမီးများကိုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ကဏ္ဍပေါင်းစုံတွင်တန်းတူညီမျှပါဝင်နိုင်ရန် အခွင့်အလမ်းများဖော် ဆောင်ပေးခြင်း၊ အမျိုးသမီးမျာဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သောသဝဏ်လွှာ နှင့် အပြည်ပြည်ဆိုင်ရာအမျိုး သမီးများနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများ၏ အောင်မြင် တိုးတက်မှု Video Clip တို့ကို ကြည့်ရှုခဲ့ကြပြီး မူလတန်းကြိုကျောင်းများမှ ကလေးသူငယ်များနှင့် ဆရာမများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်တက်ရောက်လာသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေကြသော အမျိုးသမီးအဖွဲ့အစည်းများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားပြီး ခင်းကျင်းပြသထားသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ဒေသထွက်အမျိုးသမီးထုတ်ကုန်များကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

သတင်းစာများ - ၃၂၀၈ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download