အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် ပွဲစားများ၊ အကောင့်အတု (Fake Account) များနှင့် လုံးဝဆက်သွယ်ခြင်းမပြုရန် အများပြည်သူသို့ အသိပေးကြေညာ
အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် ပွဲစားများ၊ အကောင့်အတု (Fake Account) များနှင့် လုံးဝဆက်သွယ်ခြင်းမပြုရန် အများပြည်သူသို့ အသိပေးကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2026
နေပြည်တော် မေ ၄
၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် နိုင်ငံသားများအား သက်ဆိုင်ရာ လဝကရုံးများတွင်လည်းကောင်း၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ကျောင်းများတွင်လည်းကောင်း လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်များ ပျက်စီး/ ပျောက်ဆုံးမှုများအား e-ID စနစ်ဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်အဆင့် (၅) ဦး ကော်မတီဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်များ ပြန်လည်ဆောင်ရွက် ထုတ်ပေးလျက်ရှိပါသည်။
၃။ သို့ရာတွင် အချို့သောပြည်သူများသည် ရုံးလုပ်ငန်းများ ဆောင်ရွက်တတ်ခြင်းမရှိသဖြင့် ပွဲစားများအသုံးပြုဆောင်ရွက်ခဲ့ရာ မလိုလားအပ်သည့်ပြဿနာများ၊ စာရွက်စာတမ်းအတုများ ရရှိခဲ့ကြပါသည်။
၄။ သို့ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ လာရောက်သည့် အခါ ရုံးများအဝင်ရှိ ဧည့်ကြိုကောင်တာတွင် လဝကဝန်ထမ်းများမှ စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသည့်ပြည်သူများအတွက် အတူလိုက်ပါပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အထောက်အထားပြည့်စုံပါက လုပ်ငန်းဆောင်ရွက်မှုအား နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး အထောက်အထား အချက်အလက်မပြည့်စုံပါက လိုအပ်သည့်အထောက်အထားများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ကာယကံရှင်များအတွက် သိရှိလိုသည်များ၊ ယူဆောင်လာရမည့် အထောက်အထားများနှင့်ပတ်သက်၍ လဝကမြို့နယ်ရုံးအသီးသီး၌ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
၅။ ဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို အောက်ဖော်ပြပါအကောင့်အတု (Fake Account) များမှ Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် အမှုဖွင့်တရားစွဲ ဆောင်ရွက်လျက် ရှိသောကြောင့် ပွဲစားများ၊ အကောင့်အတု (Fake Account) များနှင့် လုံးဝဆက်သွယ်ဆောင်ရွက်ခြင်းမပြုပါရန်နှင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-
(က) Account Name - Shwe yamin (09-444810929 ၊ 09-968720062၊ 09-955550231)
https://www.tiktok.com/@shwe.yamin297?_r=1&_t=ZS-964iVHFlPIm
( ခ ) Account Name - Phyu zin (မှတ်ပုံတင်ရုံး)(09-962738756၊ 09-952733267)
https://www.tiktok.com/@phyu.zin5906?_r=1&_t=ZS-964iZOY0OeY
( ဂ ) Account Name - ရတီမေဦးမှတ်ပုံတင်ဝန်ဆောင်မှု (09-985955682၊ 09-971355796)
https://www.tiktok.com/@wai.yan.moe537?_r=1&_t=ZS-964ikTbUEZM
(ဃ) Account Name - မှတ်ပုံတင်ဝန်ဆောင်မှု (09-780788106 ၊ 09-798700781)
https://www.tiktok.com/@user26765611615576?_r=1&_t=ZS-964j5cRwwcM
( င ) Account Name - Oomin (09-764180425)
https://www.tiktok.com/@ooye852?_r=1&_t=ZS-964jDC ybqh0
( စ ) Account Name - Ko Hein (09-971355796 ၊ 09-985955682၊ 09-785068854)
https://www.tiktok.com/@..kohein0?_r=1&_t=ZS-964tO P1yZ3n
၆။ ပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက် နိုင်ပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်-
- အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန - ၀၆၇-၃၄၃၁၀၄၅/ ၃၄၃၁၀၅၆
- အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန - ၀၆၇-၃၄၃၁၅၅၁
- ကချင်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၂၆၃၅၁၉၇၈၇
- ကယားပြည်နယ်ဦးစီးမှူးရုံး - ၀၉-၂၅၀၀၆၄၀၅၀
- ကရင်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၄၂၂၄၆၈၉၈၂
- ချင်းပြည်နယ်ဦးစီးမှူးရုံး - ၀၉-၄၀၀၃၁၀၈၂၀
- စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၇၆၂၆၄၁၄၆၉
- တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၂၅၀၉၅၀၅၅၀
- ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၂၁၀၆၀၃၇၀
- မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၅၀၀၆၄၉၈၅
- မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၀၇၅၉၀၆
- မွန်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၆၉၂၂၇၆၃၅၈
- ရခိုင်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၄၃၀၇၀၇၈၉
- ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၃၀၃၅၈၂၉
- ရှမ်းပြည်နယ်ဦးစီးမှူးရုံး - ၀၉-၆၉၉၀၃၂၈၀၅
- ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ရှမ်းမြောက်) - ၀၉-၆၇၇၆၁၈၂၂၈
- ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ရှမ်းအရှေ့) - ၀၉-၄၂၈၂၃၅၁၄၈
- ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၈၉၈၉၄၂၀၆၉
- ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး - ၀၉-၄၂၇၂၂၇၀၁၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
သတင်းစာများ - ၃၅၁၆ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
