အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး အမျိုးသားရေးတာဝန်ဖြင့် ဆောင်ရွက်
အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး အမျိုးသားရေးတာဝန်ဖြင့် ဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 24, 2025
မျက်မှောက်ကာလတွင် နည်းပညာများ တစ်နေ့တခြားတိုးတက်ထွန်းကားလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်း၌ အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများ ကြီးထွားလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းလောင်းကစားမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ လတ်တလောတွင် ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စများဆောင်ရွက်ရန်အကြောင်းပြ၍ စီမံကိန်းအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မီဒီယာများမှဖော်ပြချက်များ၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်သတင်းများကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းကို ရပ်ဆိုင်းခဲ့သည့်ဒေသဖြစ်သည်။ အဆိုပါနယ်မြေတွင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲရှိခြင်းတို့ကြောင့် နယ်မြေဒေသမတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများတွင် ကိုယ်ကျိုးစီးပွားရှာဖွေသူများက အခွင့်ကောင်းယူကာ အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်နေခြင်းဖြစ်သည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစတင်၍ ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိလုပ်ကိုင်လာကြခြင်းဖြစ်သည်။
မကြာသေးမီရက်ပိုင်းက ထိုင်း-မြန်မာ (မဲဆောက်-မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးခဲ့သည့် တရုတ်နိုင်ငံသားသရုပ်ဆောင်တစ်ဦးကို ၎င်းနှင့်ဆက်စပ်သည့် အဖွဲ့အစည်းများက အချင်းချင်းချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့်သတင်းကို သတင်းမီဒီယာများ၌ ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါဖြစ်စဉ်သည် ထိုင်းနိုင်ငံအခြေစိုက် အနုပညာကုမ္ပဏီတစ်ခုမှတစ်ဆင့် ရုပ်ရှင်သရုပ်ဆောင်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးရှိ သောင်ရင်းမြစ်ကမ်းမှ လှေဖြင့်ကူးပြီး မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် လူကုန်ကူးခံရခြင်းဖြစ်သည်။
အဆိုပါနေရာသည် အွန်လိုင်းလောင်းကစားလိမ်လည်သည့်နေရာဖြစ်ပြီး အဆောက်အအုံအတွင်း တရုတ်နိုင်ငံသား ၅၀ ခန့်ရှိသည်။ ထို့နောက် မိသားစုနှင့်အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းတရားမဝင်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ်ဆက်မှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်လာသူများရှိခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းကို လုပ်ကိုင်နေကြ သူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာကြသူများဖြစ်ကြောင်း သိရသည်။ အလားတူ တရားမဝင်ဝင်ရောက်လာသူများကိုလည်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
ထိုသို့အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားမှုများပြုလုပ်နိုင်ရန် လျှပ်စစ်ဓာတ်အားရရှိရေး၊ အင်တာနက်အဆက်အသွယ်ရရှိရေးနှင့် တရားမဝင်လုပ်ငန်းအတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အအုံများရရှိရေးကို လုပ်ကိုင်နေသူများအနေဖြင့် တစ်ဖက်နိုင်ငံကိုအခြေခံ၍ ရယူသုံးစွဲနေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများ လုပ်ကိုင်နေသူများသည် မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေထိုင်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများပပျောက်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွ လက်တွဲတိုက်ဖျက်သွားရန်လိုအပ်သည်။
မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသော အနေအထားများအပေါ် အခွင့်ကောင်းယူပြီး ပြည်ပနိုင်ငံသားအချို့က EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိအဖွဲ့အစည်းများက အဆိုပါဒုစရိုက်မှုများကို စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုအများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့် ဖြတ်သန်းပြီး မြန်မာနိုင်ငံနယ်စပ်တွင် တရားမဝင်ဝင်ရောက်လုပ်ကိုင်သူများဖြစ်ကြောင်း တွေ့ရှိရသော်လည်း မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ ဥပဒေနှင့်အညီစစ်ဆေးကာ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပြီး အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်အရှိန်အဟုန်မြှင့် တိုက်ဖျက်သွားမည်ဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၃၀၆၇ ခု
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download