အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 20, 2025
အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည် ဆိုင်ရာညီလာခံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အ ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ InterContinental Bangkok ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ရဝမ်ဒါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ တောင်ဆူဒန်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိ ယဝန်ကြီးများအပါအဝင် နိုင်ငံပေါင်း ၅၈ နိုင်ငံနှင့် UNODC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၃၀၀ ဦးကျော်ခန့် တက်ရောက်ခဲ့ကြပါ သည်။
ညီလာခံကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် UNODC တို့က ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Sihasak Phangketkeow (မစ္စတာ စီဟာဆက် ဖန်ကက်ကျိုး) က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Mr. Antonio Gutteres (မစ္စတာ အန်တိုနီယို ဂူတားရက်စ်) နှင့် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး Mr. Volker Turk (မစ္စတာ ဗော်လ်ကာ တာ့က်) တို့က Video Message ဖြင့် အမှာစကားပြောကြားခြင်း၊ UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာကိုယ်စားလှယ် Ms. Delphine Schantz (မစ္စ ဒယ်လ်ဖင်း ရှန့်ဖ်) က အမှာစကားပြောကြားခြင်း၊ ရဝမ်ဒါ၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုလီးယား၊ အီတလီ၊ ကနေဒါ၊ အီဂျစ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဂျာမနီ၊ မော်ရိုကို၊ ဩစတြေးလျ၊ ကိုရီးယား၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗြိတိန်၊ စင်ကာပူ၊ ကင်ညာနှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက On line Scam နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် က မိမိတို့ နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုကို နိုင်ငံတော်အကြီးအ ကဲ၏ မူဝါဒနှင့်အညီ ထိထိ ရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ” ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြုလိမ်လည်မှုများ၏ အရင်းအမြစ်နှင့် အကျိုးအမြတ်ရရှိနေသူ မဟုတ်ပါကြောင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေးအားလုံးသည် မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူ များကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူး ပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသသို့ရောက်ရှိ လာသူများ၏ ၀.၄ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်လာသူများဖြစ်ပြီး ကျန်သူများသည် နယ်စပ် ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် စေတနာအမှန်ဖြင့် ပံ့ပိုးကူညီခြင်းဖြင့်သာ အွန်လိုင်းအသုံးပြုလိမ်လည်သည့် ကွန် ရက်များကို ထိထိရောက်ရောက် ဖြိုခွင်းနိုင် မည်ဖြစ်ကြောင်း၊ ဇာတိနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံသားများအတွက် ကြိုတင်တားဆီးကာကွယ်ရေး အစီအမံများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဖြတ်သန်း နိုင်ငံများအနေဖြင့်လည်း လူနှင့်ငွေကြေးစီးဆင်းမှုလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့နိုင်ရန် နယ်စပ် ဒေသထိန်းချုပ်ရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ညီလာခံဒုတိယနေ့ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Vijavat isarabhakdi (မစ္စတာ ဝိဇာဝတ် အစ္စရာဘက်ဒီ) နှင့် UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာကိုယ်စားလှယ် Ms. Delphine Schantz (မစ္စ ဒယ်လ်ဖင်း ရှန့်ဖ်) တို့က ရှေ့လုပ်ငန်းစဉ်များ (Ways Forward) ကို အကြံပြုဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေညာချက်အား ပီရူး၊ ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ နီပေါနှင့် Tik Tok ကုမ္ပဏီစသည့် ပူး တွဲအဆိုရှင်များဖြင့် အတည်ပြုခဲ့ကြပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၃၈၆ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
