ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည့် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည့် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / February 10, 2025
ပုသိမ် ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြပညာရေး ဒီဂရီကောလိပ် အားကစားလှုပ်ရှားမှု မုဒ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကိုပြုလုပ်ရာ စစ်ကြောင်းမှူးဦးဆောင်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား အလေးပြုခြင်းနှင့် တန်းအပ်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ် မှ လူမှုရေး ဦးတည်ချက် တစ်ခုဖြစ်သောတစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင် ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြောင်းမြပညာရေးဒီဂရီကောလိပ်ရှိကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်ပြီးအားကစားပွဲတော်ကြီးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ အားကစားကို မြှင့်တင် ဆောင်ရွက်ခြင်းသည် မွန်မြတ်သည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကာ နိုင်ငံတော်အတွက် အရေးပါသည့် အမျိုးသား ရေးတာဝန်တစ်ရပ်ကဲ့သို့ တန်ဖိုးထားပြီး ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကိုအကျိုးပြုနိုင်မည့် လူစွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူအပေါင်းတို့သည် “လေ့ကျင့်နေမှအားကစားဆိုတာ တိုးတက်မည်ဖြစ်ကြောင်း၊ ကြိုးစားလျှင်ကြိုးစားသလောက် အောင်မြင်နိုင်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး လေ့ကျင့်မှု၊ အောင်မြင်မှုတွေကနေတစ်ဆင့် မိမိကျောင်း၊ မိမိနိုင်ငံ ဂုဏ်ဆောင် နိုင်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း”တိုက်တွန်းအမှာစကားပြောကြားပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်း များကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ အေရိုးဗစ်အက၊ Fitness Dance အကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဂျူဒို၊ စားပွဲတင် တင်းနစ်၊ လွန်ဆွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲများကို လှည့်လည်ကြာ့်ရှုအားပေးခဲ့သည်။
သတင်းစာများ - ၃၁၀၅ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download