ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 06, 2026


ပုသိမ် မေ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၁၂) သင်တန်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၏ ပထမအကြိမ်သင်တန်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့်နယ်မြေများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ပြီဖြစ်သည့် အတွက် လက်ရှိသင်ကြားနေသည့် အိမ်တွင်းမှုပညာရပ်များအပြင် အလုပ်အကိုင်ရရှိရေးကို ပိုမိုမြှင့်တင်ဖန်တီး ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်ပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်း စသည့်ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်း ၃ မျိုးကို သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်း များကို အိမ်တွင်းမှုသင်တန်းကျောင်းတွင် စာတွေ့ သင်ခန်းစာ ရက်သတ္တ ၁၂ ပတ် သင်ကြားပြီး ဟိုတယ်ဇုံများတွင် လက်တွေ့သင်ခန်းစာများကို ရက်သတ္တ ၁၂ ပတ် လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို သင်တန်း ကျောင်းတွင် သင်တန်းကာလ ရက်သတ္တ ၁၈ ပတ်ကြာ စာတွေ့၊ လက်တွေ့သင်ကြား လေ့ကျင့်ပေးပြီး ရက်သတ္တ ၄ ပတ်ကို လုပ်ငန်းခွင်အကြို မော်တာစက်နင်းနည်း၊ စက်ချုပ် ဘာသာရပ်၊ လက်မှုဘာသာရပ်များ လေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသူများ အနေဖြင့် သင်တန်းကပို့ချပေးမည့်အိမ်တွင်းမှုဘာသာရပ် သင်ခန်းစာများသည် အမျိုးသမီး ငယ်များအတွက်မဖြစ်မနေ တတ်မြောက်ထားသင့်သည့် အတတ်ပညာများဖြစ်ပြီး ဘဝအတွက်ပါ အာမခံချက်အပြည့်အဝပေးနိုင်သည့် ပညာရပ်များဖြစ်သည့်အတွက် အထူးကြိုးစား သင်ယူကြရန် မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ ပိုမိုထွက်ပေါ်လာတော့ မည်ဖြစ်ရာ ယခုကဲ့သို့သင်တန်းများ တက်ရောက်ခြင်းသည် မိမိတို့ဘဝအတွက် အထောက်အကူ ပြုမည့်သင်တန်းများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် အခြေခံကောင်းများရရှိမည့်အပြင် လက်တွေ့နယ်ပယ်တွင်လည်းများစွာ အသုံးဝင်မည်ဖြစ် ပါကြောင်း၊ သင်တန်းစည်းကမ်းများကိုလိုက်နာကြပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက် ကြရန်နှင့် သင်ခန်းစာများကိုကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ကြားရေး အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

သတင်းစာများ - ၃၅၁၇ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download