ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / June 04, 2026
ပုသိမ် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးခြံနှင့် အသားတိုးကြက်မွေးမြူ ရေးခြံများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ " မိသားစု" ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်အစာ ထုပ်လုပ်မှု၊ ဥစားကြက်မွေးမြူမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်မွေးမြူရေး ခြံပိုင်ရှင်မှ မွေးမြူရေးခြံ(၃၂)ခြံတွင်ဥစားကြက်ကောင်ရေ(၅၀၀၀၀)မွေးမြူထားရှိမှု၊ ထပ်မံမွေးမြူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဈေးကွက်သို့ ကြက်ဥတင်ပို့ရောင်းချမှုအခြေအနေများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်မှု၊ (၆၆)ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်၍ တိရစ္ဆာန်အစာကြိတ်ခွဲထုတ်လုပ်နေမှုနှင့် လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ မွေးမြူရေးဆိုင်ရာ အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်သည့်အတွက် အသား၊ ငါး၊ ဥ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးတက်လုပ်ကိုင်၍ စားသောက်ကုန်ဈေးနှုန်းများကို တည်ငြိမ်လျော့ကျအောင် ဆောင်ရွက်ကြရန်၊ မွေးမြူရေးလုပ်ငန်းများ ပိုးမွှားရောဂါများ မကျရောက်စေရေး ဂရုပြု ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေး ခြံသုံး ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက် ဦးဆန်းလင်းဦး၏ အသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိ၍ မွေးမြူရေးခြံ(၂)ခြံတွင် အလုံပိတ် အအေးခန်းစနစ်ဖြင့် အသားတိုးကြက်ကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးဆောင်ရွက်ရန်၊ ဒေသထွက်တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။
သတင်းစာများ - ၃၅၄၇ ခု
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
