၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 10, 2026
image_latest


နေပြည်တော် မတ် ၉

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် လူရည်ချွန်စီမံကိန်း ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုရွေးချယ်ခံရသည့် လူရည်ချွန်များကိုလည်း သတင်းစာများတွင် နာမည်အလိုက် ထည့်သွင်းကြေညာထားပြီးဖြစ်ပါကြောင်း၊ လူရည်ချွန်များရွေးချယ်ရာ၌ အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍများတွင် ရွေးချယ်ခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နဝမတန်း ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်း ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်း ကျောင်းသား ကျောင်းသူ ၉၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၆၀ ကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားပြီးဖြစ်ပါ‌ကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ပထမနှစ်လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၄၈ ဦးနှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၄၃ ဦး စုစုပေါင်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၂၉၁ ဦးတို့ကို သတင်းစာတွင် ဆက်လက်ထုတ်ပြန်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ‌လူရည်ချွန်စခန်းများ ရွေးချယ်သတ်မှတ်နိုင်ရေးဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီအတွင်းရေးမှူး (၁) အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးနှင့် လူရည်ချွန်စီမံကိန်း ဗဟိုကော်မတီအတွင်းရေးမှူး (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က လူရည်ချွန်စီမံကိန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်းနှင့် ဒွါဒသမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများ၊ ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူများကို လူရည်ချွန်စခန်းအသီးသီးသို့ စေလွှတ်နိုင်ရေးအတွက် လူရည်ချွန်စခန်းများသတ်မှတ်ခြင်း၊ နိုင်ငံတော်အကြီးအကဲဩဝါဒခံယူပွဲအတွက် ဆွေးနွေးခြင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကူညီပံ့ပိုးပေးနိုင်သည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူရည်ချွန်စီမံကိန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၀၀ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download