၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခုရှိပြီး မှတ်ပုံတင်လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခုရှိပြီး မှတ်ပုံတင်လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 30, 2026
နေပြည်တော် ဇန်နဝါရီ ၂၉
မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၁/၂၀၂၆ ကို ယနေ့မွန်းလွဲ ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၁ ၌ ကျင်းပသည်။
ဦးစွာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသည် မူပိုင်ခွင့်လျှောက်ထားချက်များနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းစသည့် ဆုံးဖြတ်ချက်အပေါ်မကျေနပ်၍ အယူခံဝင်မှုများကို အဓိကအဆုံးအဖြတ်ပြုသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့အကြား ညှိနှိုင်းပေါင်းစပ်ပေးသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေးများ ငါးကြိမ်ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် ၃၉ ခုကို ချမှတ်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခု ရှိပြီး မှတ်ပုံတင် လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကန့်ကွက်ချက်များအပေါ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ ခအရခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကိုများမကြာမီ အချိန်အတွင်း အဆုံးအဖြတ်ပြုရမည်ဖြစ်သည့်အတွက် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေပါကန့်ကွက်ခြင်း ဆိုင်ရာဆောင်ရွက်မည့်နည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ပါက အေဂျင်စီထံ အယူခံဝင်လာသည့်အမှုများကို ဖြေရှင်းနိုင်ရေးအတွက်ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အယူခံစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်ရရှိရေးကို ဆောင်ရွက်လျက်ရှိပြီး အယူခံ လျှောက်လွှာများ စနစ်တကျ လက်ခံဆောင်ရွက်နိုင်ရန်အတွက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲပြုစုလျက်ရှိပါကြောင်း။
အမှာစာများအပေါ် ဝိုင်းဝန်းဆွေးနွေး
၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှစတင်၍ စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း -CMO များ ဖွဲ့စည်းဆောင်ရွက်၍ လျှောက်ထားနိုင်ကြောင်းကို မူပိုင်ခွင့်ဦးစီးဌာန၏ Website နှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ကြေညာခဲ့ပြီး CMO လျှောက်ထားခြင်းများကို စိစစ်ဆောင်ရွက်နိုင် ရန် လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်း ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီလိုဂိုအတွက် ယှဉ်ပြိုင်သူများထံမှ ပေးပို့လာသော လိုဂိုဒီဇိုင်းများအနက် ဆုရလက်ရာရှင်ကို မကြာမီရွေးချယ်သွားမည်ဖြစ်ပါကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးသို့ တင်ပြထားသည့် အမှာစာများအပေါ်တွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအတွင်းရေးမှူးက အေဂျင်စီသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။
ယင်းနောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၂၆ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
