၄-၈-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများက အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း
၄-၈-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများက အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ npt / August 07, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်း မိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေးအတွက် ၄-၈-၂၀၂၄ ရက်နေ့တွင် တပ်မတော်သားများအတွက် စေတနာ၊ မေတ္တာရှေ့ထား၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများမှ စုပေါင်းဝိုင်းဝန်းကာ ချက်ပြုတ်ကြော်လှော်ကြသည့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ ပေးပို့လှူဒါန်းနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုကို ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ် နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
နိုင်ငံတော်လုံခြုံရေးအတွက် အသက်ကိုပဓာနမထားဘဲ ရဲရင့်သောစိတ်ထားဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဘာလချောင်ကြော်၊ မြေပဲငံပြာရည်ကြော်၊ ငါးနီတူကြော်၊ ငါးသေတ္တာ၊ ကော်ဖီမစ်ထုပ်၊ အာလူး ကြော်ထုပ်၊ စာကလေးချောင်းကြော်ထုပ်၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ လက်ဖက်နှင့် ပဲကြော်ထုပ်၊ ကွတ်ကီးမုန့်မျိုးစုံ၊ Royal-D ဓာတ်ဆားထုပ်၊ ဒဏ်ကြေးလိမ်းဆေးဘူးနှင့် အကိုက်အခဲပျောက်ဆေးများပါရှိသော အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို တပ်မတော်သားအယောက် ၁၀၀ အတွက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းပေးနိုင်ရေး ဝိုင်းဝန်းပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့် အတူ “တရားသောစစ်အောင်မြင်ပါစေ၊ ဘေးရန်ကင်းပြီး ကျန်းမာကြပါစေ” စသည့် ဆုတောင်း မေတ္တာစာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံး ဝန်ထမ်းမိသားစုများနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ထည့်ဝင်လှူဒါန်းမှု ငွေသားကျပ်သိန်း (၆၀)နှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၄၀ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၀၀ ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ၅-၈-၂၀၂၄ ရက်နေ့ ညနေ (၅) နာရီတွင် သွားရောက်ပေးအပ်လှူဒါန်းရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်းက လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
သတင်းစာများ - ၃၀၄၄ ခု
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download