၅-၉-၂၀၂၄ ရက်နေ့တွင် အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၄၆) အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ npt / September 11, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program- KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၄၆) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင် က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများနှင့် နိုင်ငံတကာအတွေ့အကြုံများ အပါအဝင် ကဏ္ဍစုံ၊ ရှုထောင့်စုံကို သိရှိ၍ ဗဟုသုတများ တိုးပွားရရှိ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဤရုံး၊ သက်ဆိုင်ရာတာဝန်ရှိသူများသာမက အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ ပြင်ပပညာရှင်များကို ဖိတ်ခေါ်၍ ဝန်ထမ်းများအတွက် အသိပညာမျှဝေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် “စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစစ်ဆေးခြင်းဆိုင်ရာ အတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် အသိပညာများ၊ လက်တွေ့ဆောင်ရွက်ခဲ့မှုများကို မျှဝေဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စွန့်ပစ်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်နေသော ပြဿနာရပ်များ၊ လက်တွေ့စစ်ဆေးခဲ့သည့် အတွေ့အကြုံများ၊ စစ်ဆေးဆောင်ရွက်ပုံနည်း လမ်းများကို ပို၍ ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး ဤခေါင်းစဉ်သည် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း အမျိုးအစားတွင် စစ်ဆေးသင့်သည့် နယ်ပယ်တစ်ခုအဖြစ် သတ်မှတ်စစ်ဆေးစေလိုကြောင်း၊ မိမိတို့စစ်ဆေးရမည့် အကြောင်းအရာများနှင့်စပ်လျဉ်းပြီး ပိုမိုသိရှိနားလည် ကျွမ်းကျင်စေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်ခြင်းဖြင့် မိမိတို့ရုံး၏ ဂုဏ်ကိုမြှင့်တင်နိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေ လိုပါ ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ဆေးရေးဦးစီးဌာန၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးရဲဝင်းနိုင်မှ နေပြည်တော်ကောင်စီနယ်မြေအတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းအဖြစ် အန္တရာယ်စိစစ် အကဲဖြတ်ခြင်း အဆင့်မှသည် Pre-Study ဆောင်ရွက်ခြင်း (သို့မဟုတ်) စစ်ဆေးရေး အစီအစဉ်ရေးဆွဲခြင်းအဆင့်ဆင့်၊ လက်တွေ့စစ်ဆေးခြင်း၊ အစီရင်ခံခြင်း၊ Follow up ဆောင်ရွက်ခြင်းနှင့် အကြံပြုချက်များ အပေါ် သက်ဆိုင်ရာဌာနမှ လိုက်နာဆောင်ရွက်မှု အခြေအနေအပေါ် သိသာထင်ရှားသော တိုးတက်မှုများကိုလည်းကောင်း၊ စစ်ဆေးရာတွင် Problem-Oriented Approach ဖြင့်ရွေးချယ် ဆောင်ရွက်ရခြင်း၊ အချက်အလက်ကောက်ယူစုစည်းမှုနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်နှင့် ညွှန်ကြားချက်များ၊ ရည်ညွှန်းကိုးကားချက်များ စသည်တို့အပါအဝင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ စစ်ဆေးခဲ့သည့် လုပ်ငန်းစဉ်တစ်လျှောက် လက်တွေ့ဆောင်ရွက်မှု အခြေအနေများကို ပြည့်ပြည့်စုံစုံ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်‌ရောက်လာသူများမှ သိရှိလို၍ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်းနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။ ထို့နောက် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်မြဇင်မှ ကျေးဇူးတင် အနှစ်ချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၄၃၈) ဦး တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၄၂၁ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download