“အားလုံးကို ကျော်ဖြတ်ကြမယ်” (All Pass) မြန်မာ-ကိုရီးယား လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပြီး မီဒီယာတွေ့ဆုံပွဲပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 23, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၂

မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်း၍ ပထမဆုံးရိုက်ကူးထုတ်လုပ်မည့် “အားလုံးကို ကျော်ဖြတ်ကြမယ်” (All Pass) လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်းနှင့် မီဒီယာတွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရာဟုထောင့်တွင် ပြုလုပ်သည်။

အဆိုပါဇာတ်လမ်းတွဲကန်တော့ပွဲပေးခြင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံ KK media မှ တာဝန်ရှိသူများ၊ ဇာတ်လမ်းတွဲရိုက်ကူးမည့် ကိုရီးယားဒါရိုက်တာ Mr. Shim Ki Won နှင့် လက်ထောက်ဒါရိုက်တာအဖွဲ့၊ ဇာတ်လမ်းတွဲတွင် ပါ၀င်ကြမည့် မြန်မာ-ကိုရီးယား သရုပ်ဆောင်များနှင့် အတတ်ပညာရှင်များ တက်ရောက်ကြသည်။

အဆိုပါရုပ်သံဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံဘက်မှ သရုပ်ဆောင်ရွေးချယ်ခြင်းအား ကိုရီးယားနိုင်ငံမှ ဒါရိုက်တာအဖွဲ့ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လူငယ်အမျိုးသား၊ အမျိုးသမီး ၄၇ ဦးကို လူတွေ့စစ်ဆေးခြင်း (Audition) သုံးကြိမ်ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ရွှေကြိုအနုပညာရှင်များ ဖြစ်ကြသည့် လင်းလက်ခွန်းချို၊ ပြည့်စုံ၊ ဆီဆန် ကျော်ဇော၊ မေ့ချစ်သက်၊ သူရိန် မင်းခန့်၊ ဖြိုးဟန်ကျော်တို့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအနုပညာရှင်များ ဖြစ်ကြသည့် အိန္ဒြာစိုးစံ၊ ကျော်သက်အောင်၊ ရာဇာအောင်နှင့် မြနန္ဒာတို့အား စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကိုရီးယားနိုင်ငံဘက်မှ သရုပ်ဆောင်ရွေးချယ်ခြင်း (Audition) ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ရာ  လူငယ်အမျိုးသား၊ အမျိုးသမီး ၈၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် Song Jung -hwan၊ Jang Eun-Young၊ Lee Je-na၊ Cho Won-hyung၊ Yoo Jun–hyuk နှင့် Lee Si-yoon တို့ကို ရွေးချယ်ခဲ့သည့်အပြင် ကိုရီးယားနိုင်ငံတွင် ရုပ်သံဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားသည့် နာမည်ကြီး အနုပညာရှင်များ ဖြစ်ကြသော Mo Gun-hoo၊ Park San-ha၊ Cho Chan-Hyung တို့ကို အဓိကသရုပ်ဆောင်များအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် ကိုရီးယားနိုင်ငံမှ KK Media Co.,Ltd. တို့ ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် အပြန်အလှန်သွားရောက်ကာ ၂၀၂၆ ခုနှစ် မတ်လအပြီး ရိုက်ကူးထုတ်လုပ်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

အဆိုပါရုပ်သံဇာတ်လမ်းတွဲကို မြန်မာ-ကိုရီးယား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ် (၅၀) ပြည့်ကာလကို ဂုဏ်ပြုသောအားဖြင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်၊ လူငယ်ပရိသတ်များ အရည်အချင်းတိုးတက်လာစေရန်နှင့် စိတ်ခွန်အားပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၀ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download