(၁၃) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ ဂုဏ်ပြုညစာစားပွဲနှင့် ဒုတိယနေ့အစည်းအဝေးများကျင်းပ
(၁၃) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ ဂုဏ်ပြုညစာစားပွဲနှင့် ဒုတိယနေ့အစည်းအဝေးများကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 17, 2025

နေပြည်တော် အောက်တိုဘာ ၁၆
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပလျက်ရှိသော (၁၃) ကြိမ်မြောက်အာဆီယံသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံကတည်ခင်းသောဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အခြားသောအာဆီယံနိုင်ငံများမှဝန်ကြီးများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဘုရင့်နန်းတော်၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Samdech Moha Borvor Thipadei Hun Manet နှင့်တွေ့ဆုံပြီး (၁၃)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနေ့အထိမ်းအမှတ်အခမ်းအနားများသို့ တက်ရောက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Sofitel ဟိုတယ်တွင်ပြုလုပ်သည့် (၅)ကြိမ်မြောက် အာဆီယံ-တရုတ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဆက်လက်တက်ရောက်သည်။ အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်နိုင်မှုအခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅)ရေးဆွဲ၍ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် ဒေသတွင်းရလဒ်ကောင်းများရရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးကြုံတွေ့ခံစားရချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များချက်ချင်းစေလွှတ်ပေးခဲ့မှု၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကူညီပေးခဲ့မှုများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် အာဆီယံဒေသဖြစ်စေရေး အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေး သည်။
မွန်းလွဲပိုင်းတွင် (၅)ကြိမ်မြောက် အာဆီယံ-ဂျပန်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်(Disaster Emergency Logistic System for ASEAN- DELSA) ထူထောင်ခြင်းအပါအဝင် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးငလျင်ကြီးတုံ့ပြန်ဆောင်ရွက်ရေးတွင် ဂျပန်နိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်းများကူညီထောက်ပံ့ပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၄)ကြိမ်မြောက်အာဆီယံ-ကိုရီးယားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်သည်။
ထို့နောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည်။
အစည်းအဝေးများသို့ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံတို့မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၁ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download