(၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး ကျင်းပ
(၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2025

နေပြည်တော် မတ် ၁၄
(၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေး (29th ASEAN Senior Level Committee Meeting for Financial Integration) ကို ယမန်နေ့တွင် မလေးရှားနိုင်ငံ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်ကြသည့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်နှင့် အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကားများပြောကြားကြပြီး မလေးရှားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အကျဉ်းချုပ်အချက်အလက်များကို မလေးရှားနိုင်ငံဗဟိုဘဏ် တာဝန်ရှိသူက ရှင်းလင်းတင်ပြကာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ+၃ မေခရို စီးပွားရေးသုတေသနရုံးတို့မှ တာဝန်ရှိသူများက ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသော မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ လုပ်ငန်းစဉ်များအောက်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ၊ အေအီးစီမဟာဗျူဟာမြောက်လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) နှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍအလိုက်စီမံချက် (၂၀၂၆-၂၀၃၀) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် အနာဂတ်ကာလတွင် ဗဟိုဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုစင်္ကြံများ ထူထောင်ရေးဆိုင်ရာ မူဘောင်အတွက် သဘောတရားစာတမ်းနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များကို မလေးရှားနိုင်ငံဗဟိုဘဏ်မှရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌများထံမှ အတည်ပြုထောက်ခံချက်များ ရယူခဲ့သည်။
ယင်းနောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၏ ပူးတွဲသဘာပတိများသည် အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေးမူဘောင်၊ ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး၊ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကြီးကြပ် ထိန်းကျောင်းမှုကော်မတီတို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှုအခြေအနေများ ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ အစည်းအဝေး ပူးတွဲသဘာပတိများသည် အာဆီယံဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကော်မတီများမှတင်ပြသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အပေါ် စောင့်ကြည့်လေ့လာမှုပုံစံကိုအခြေခံ၍ ရေးဆွဲထားသည့် အစီရင်ခံစာကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းနိုင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မလေးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံမှုရှိရေး၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရေးနှင့် သတင်းအချက်အလက်များအားမျှဝေသည့် စင်္ကြံတည်ထောင်ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများနှင့် တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်မှ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် ပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် အတွင်း အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ်ဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးနိုင်ရေး အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အာဆီယံဘဏ်လုပ်ငန်းရှင်များအသင်းက အာဆီယံနိုင်ငံများအကြား အချက်အလက်များ အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်ရေးမူဘောင်နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများ ပြုလုပ်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံဗဟိုဘဏ်က လုံခြုံစိတ်ချရပြီးအားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဆိုင်ရာ သဘောတရားနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး (၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်သည့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်နှင့် အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်တို့မှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၀၆ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ မတ် ၁၅ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download