(၃၁)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2026
image_latest


နေပြည်တော် မတ် ၅

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၊ တပ်နယ်အားကစား ခန်းမနှင့်ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသဆောင်၌ ဆက်လက် ကျင်းပပြုလုပ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)များ၊ သူနာပြု/ ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာ တပ်မတော်နှင့် အရပ်ဘက်မှ ဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ယနေ့တွင် ဒုတိယနေ့ အစီအစဉ်များကို ဆက်လက်ကျင်းပရာ Meet the Experts (MTE) တစ်ခု၊ Special Talk လေးခု၊ Clinical Session နှင့် Symposium များ အဖြစ် “တပ်မတော်သားများ တိုက်ပွဲဝင် အသင့်ဖြစ်စေရန်အတွက် အဝလွန်ပြဿနာဖြေရှင်းရန် နည်းလမ်းများ” ၊ “စစ်မြေပြင် ထိခိုက်ဒဏ်ရာရသူများ ပြုစုစောင့် ရှောက်ရာတွင် ဆောင်ရွက်မည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင် သူများနှင့် ဆေးလက်ထောက်များ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍ”၊ “ဆေးပညာသင်ကြားရေးတွင် အရေးပါသည့် ဆရာများအတွက် အနာဂတ် စိန်ခေါ်မှုများနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ” ၊ “အာရုံကြော စနစ်သုံးစစ်ဆင်ရေးခေတ်သို့ ကူးပြောင်းရောက်ရှိလာခြင်း”၊ “သက်မဲ့အလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း” စသည့် ခေါင်းစဉ်တို့အား ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် သွားကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေးဆေးပညာ၊ ရေကြောင်းဆေးပညာ၊ လေကြောင်းဆေးပညာ၊ ခွဲစိတ်ကု ပညာ၊ မေ့ဆေးပညာ၊ တိုင်းရင်းဆေးပညာ၊ ပြန်လည်သန်စွမ်းရေး ဆေးပညာ၊ အရိုးအထူးကုပညာ၊ ဓာတ်မှန်ပညာ၊ ဇီဝကမ္မဗေဒ၊ စိတ်ကျန်းမာရေး၊ အလုပ်သင်ဆရာဝန်များ၏ သုတေသနစာတမ်းများ စသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၃၉ စောင်တို့အား ပါဝင်ဖတ်ကြား တင်သွင်းကြသည်။ ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာသက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြား ဆွေးနွေးကြပြီး ဒုတိယနေ့ အစီအစဉ်များကို ညနေပိုင်းတွင် ရပ်နား၍ မတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှီးနှောဖလှယ်ပွဲသို့ တပ်မတော် ဆေးရုံ/ ဆေးတပ်ရင်းတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ) နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၄၃၂ ဦး တက်ရောက်ခဲ့ပြီး အွန်လိုင်းမှ စုစုပေါင်း ၂၁၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၁ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download