(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်လွန်းညကျေးရွာ၊အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၏ပညာမြင့်မိုရ် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 04, 2024


ဘားအံ-နိုဝင်ဘာ (၄)

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ပညာမြင့်မိုရ်(၁၄၀x၃၀)RCCနှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ကျောင်းဆောင်သစ်အလှူရှင်မိသားစုနှင့် ဘင်ခရာ၊ပန်းပွား၊ယဉ်ကျေးမှုအဖွဲ့များ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့ သာရည်များ ပက်ဖြန်းပေးကြပြီး ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့သည်။

ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းဆောင်သစ် လွန်းရတနာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုတည်ဆောက်ပြီးစီးသောကျောင်းဆောင်ကြီး ရေရှည်တည် တံ့ရန်နှင့် အစဉ်သန့်ရှင်းသာယာလှပစေရန် လက်ရှိကျောင်းတွင်တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများက ထိန်းသိမ်းစောင့်ရှောက်ပေးကြရမည်ဖြစ်ပြီး လိုအပ်ချက်များအတွက် ကျောင်းအကျိုးတော် ဆောင်များ၊ မိဘများကလည်းပံ့ပိုးဖြည့်ဆည်းပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်ကိုတာဝန်ယူတည်ဆောက်ပေးသည့်ကုမ္ပဏီမှ ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ပညာရေးမှူးက အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးကကျေးဇူးတင်စကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge(SB)အဖွဲ့ တို့ ပူးပေါင်း၍ နယ်စပ်ဒေသရှိပုံမှန်ပညာသင်ကြားခွင့်မရသည့် တိုင်းရင်းသားလူငယ်များအတွက် စက်မှုလက်မှုပညာ ရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်နိုင်ရန် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ စက်မှုဇုန်အနီးရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌ သင်တန်းများဖွင့်ပွဲ ကို ကျင်းပသည်။

ယနေ့ဖွင့်လှစ်သောသင်တန်းများမှာ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၅)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၄)နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၃)တို့ဖြစ်ကြပြီး သင်တန်းများ ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် Sustainabridge(SB)ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးဦးစောတင်ဝင်းမြင့်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ယနေ့သင်တန်းများတွင် ဆောက်လုပ်ရေးသင်တန်း၌(၉)ဦး၊ လျှပ်စစ် သင်တန်း၌(၁၇)ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၌(၂၁)ဦးနှင့်ဂဟေသင်တန်း၌(၁၃)ဦး စုစုပေါင်း(၆၀)ဦးတက် ရောက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအားရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပါသည်။

 

သတင်းစာများ - ၃၀၃၂ ခု

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download