(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်၊ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / November 12, 2024


ဘားအံ - နိုဝင်ဘာ (၁၁)

(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲကို နိုဝင်ဘာလ(၅)ရက်နေ့မှစ၍ ဒုံးအဖွဲ့ပေါင်း (၁၉)ဖွဲ့ဖြင့် တစ်ဖွဲ့လျှင်နှစ်ကျော့ယှဉ်ပြိုင်စေပြီး အကောင်းဆုံး(၁၀)ဖွဲ့ကိုရွေးချယ်၍ထပ်မံယှဉ်ပြိုင်စေခဲ့ရာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညခင်းပိုင်းက ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည်။

ဦးစွာ ဖျော်ဖြေရေးဒုံးအဖွဲ့များနှင့်ကရင်အနုပညာရှင်များက တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေကြရာ ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တိုင်း ရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက ကရင်ရိုးရာဒုံးအကပြိုင်ပွဲ နှစ်သိမ့်ဆုရဒုံးအဖွဲ့များ၊ (ရာဓနာ)ဆုတောင်းတေးသီချင်း ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိကြသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ရိုးရာဒုံးအကပြိုင်ပွဲ တေးသီချင်းဆု ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိကြသူများ၊ ဒုံးအကပြိုင်ပွဲတွင် အထူးဆုရရှိကြသည့်ဒုံးအဖွဲ့များကိုလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဒုံးအကပြိုင် ပွဲ ပဥ္စမ၊စတုတ္ထ၊တတိယဆုရဒုံးအဖွဲ့များကိုလည်းကောင်း ငွေသားဆုနှင့်ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က ဒုံးအကပြိုင်ပွဲဒုတိယဆုရ ကရင်ယဉ်ကျေးမှုအနုပညာ အစည်းအရုံးဒုံးအဖွဲ့ကို ငွေသားဆု(၄၅)သိန်းနှင့်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က ဒုံးအကပြိုင်ပွဲ ပထမဆုရ BGF အမှတ်(၃)တပ်နယ်ယဉ်ကျေးမှုမောင်မယ်ဒုံးအဖွဲ့အား ငွေသားဆုသိန်း(၅၀)နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဒုံးအဖွဲ့များနှင့် ကရင်အနုပညာရှင်များက ပြန်လည်ဖျော်ဖြေ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Grade-11 နှင့် Grade-12 သင်ဆရာ၊ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆရာ၊ဆရာမများအနေဖြင့် သင်ကြားနည်းပညာများကို တတ်ကျွမ်းပြီးသူများဖြစ်ကြသဖြင့် သင်တန်းမှရရှိမည့်ဥပဒေ၏အခြေခံသဘောတရားများကိုသင့်လျော်သည့်သင်ကြား နည်းစနစ်အသုံးပြုကာ Grade-11 နှင့် Grade-12 ကျောင်းသား၊ကျောင်းသူများအား ဥပဒေအသိပညာဘာသာရပ်ကို ထိရောက်စွာပြန်လည်ပို့ချပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ်ဦးရဲလွင်က ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့် လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကိုဖွင့်လှစ်ပြသခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၈၁၈၈၀၀ဝိ/-(ရှစ်ဆယ့်တစ်သိန်း ရှစ်သောင်းရှစ်ထောင်)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို အထက်တန်းပြဆရာ၊ဆရာမပေါင်း(၂၆၉)ဦး တက်ရောက်လျက်ရှိပြီး ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် နှစ်နေရာခွဲ၍ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ(၇)ဦးက ဥပဒေဘာသာရပ်(၇)ခုကို ၁၀ ရက်ကြာ ဆရာဖြစ်ပို့ချပေးသွားမည်ဖြစ်သည်။

သတင်းစာများ - ၃၀၆၇ ခု

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download