(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် စာပေစကားဝိုင်းဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 02, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် “စာပေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” စာပေစကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) Ruby Hall ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဦးဆောင်ပါဝင်ဆွေးနွေးကြမည့် ဆုရစာပေပညာရှင်ကြီးများ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)နှင့် သိပ္ပံနှင့် နည်းပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် စာပေကို ချစ်မြတ်နိုးကြသူများ တက်ရောက်ကြသည်။

ဦးစွာ စာရေးဆရာကြီး ဒေါက်တာ မောင်သင်း (မောင်သင်း-သပြေ)က စာပေစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းအား ရှင်းလင်းပြောကြား၍ တစ်ဦးချင်းမိတ်ဆက်ပေးသည်။

ထို့နောက် စာရေးဆရာမ မနှင်းဖွေးက လူငယ်ကဏ္ဍတိုးတက်စေရေးအတွက် နေထိုင်ပြုမူရမည့် အကြောင်းအရာများ၊ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်များအနေဖြင့် ပညာရည်ပြည့်ဝ၍ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာရန် လိုအပ်မှု၊ စာပေလေ့လာဖတ်ရှုခြင်းမှတစ်ဆင့် ရရှိသည့်အသိပညာဗဟုသုတများအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်လည်အသုံးချသင့်မှုများကိုလည်းကောင်း၊ စာရေးဆရာ ပါမောက္ခကိုကိုအောင်က ငယ်စဉ်ကပင် စာပေပညာရပ်ကို စနစ်တကျလေ့လာဆည်းပူးခဲ့မှုကြောင့် ထူးချွန်ထက်မြက်ပြီး ကမ္ဘာသိသိပ္ပံပညာရှင်များ၏အကြောင်း၊ အဆိုပါပညာရှင်များ၏ စာပေလေ့လာခဲ့မှု ဗဟုသုတအကြောင်းအရာများ၊ သိပ္ပံပညာရပ်ဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း ဟောပြောဆွေးနွေးကြသည်။

ယင်းနောက် စာရေးဆရာ ဒေါက်တာ တင်ဘုန်းကျော်က ယနေ့ခေတ် AI နည်းပညာနှင့် စာဖတ်ခြင်း ဆက်နွှယ်မှုများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိစေမည့် AI နည်းပညာ အတွေးအခေါ်များနှင့် အကျိုးကျေးဇူးများ၊ AI နည်းပညာအသုံးဝင်မှုနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ AI နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာဗဟုသုတများ၊ ယနေ့ခေတ်တွင် အသုံးများလာသည့် Social Plat- form မှတစ်ဆင့် ပညာရပ်များစွာ လေ့လာခြင်းအားဖြင့် လူငယ်များအတွက် ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်းကောင်း၊ စာရေးဆရာ ပုလောစိုးနံ့သာက စာပေလေ့လာဖတ်ရှုခြင်းဖြင့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန် ဆောင်ရွက်သင့်သည့်အချက်များ၊ တိုးတက်လာသည့် နည်းပညာ၊ ခေတ်နှင့်အညီ လေ့လာသင့်သည့် ပညာရပ်အကြောင်းအရာများ၊ နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်များ သိသင့်သိထိုက်သည့် နိုင်ငံသားကျင့်ဝတ်များနှင့် ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများ၊ လူငယ်ဘဝတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေရန် ပြုမူနေထိုင်ရမည့် နည်းလမ်းများနှင့် စိန်ခေါ်မှုများ၊ ထူးချွန်ထက်မြက်သည့် စွယ်စုံလူငယ်များ ဖြစ်စေရေးအတွက် ကြိုးစားဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း ဟောပြောဆွေးနွေးကြသည်။

ယင်းနောက် စာပေပညာရှင်များ၏ ဟောပြောဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ စာရေးဆရာကြီး ဒေါက်တာ မောင်သင်း (မောင်သင်း-သပြေ) က ပြန်လည်ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသူများက စာပေနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာပေပညာရှင်ကြီးများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဟောပြောဆွေးနွေးခဲ့ကြသည့် စာပေပညာရှင်ကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ဂါရဝပြုပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အမျိုးသားစာပေ ဆုပေးပွဲများကို ၁၉၄၈ ခုနှစ်တွင် စတင်ကျင်းပလာခဲ့ရာ ယနေ့တွင် (၇၅) ကြိမ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီး အဆိုပါစိန်ရတုအထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ခြင်း အခမ်းအနားအပြင် ကျောင်းသားလူငယ်များအတွက် ရည်ရွယ်၍ စာပေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာပေစကားဝိုင်း‌ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲမှတစ်ဆင့် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာကြမည့် ကျောင်းသားလူငယ်များအနေဖြင့် စာပေဖတ်ရှုလိုစိတ်များ ဖြစ်ပေါ်လာခြင်းနှင့် စာပေလေ့လာဖတ်ရှုခြင်းမှတစ်ဆင့် မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များ တိုးပွားလာပြီး လူငယ်များ၏ တန်ဖိုးရှိသည့် စွမ်းအင်များဖြင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လိုသည့် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၀၂၄ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download