(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / January 30, 2025


ဘားအံ - ဇန်နဝါရီ (၃၀)

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့ အမှတ်(၄၊၆၊၇)ရပ်ကွက်များကို ဆက်သွယ်ဖောက်လုပ်ထားသော ဘားအံမြို့ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီ က အမှတ်(၇)ရပ်ကွက်၊ ဘားအံ-ထုံးအိုင်လမ်းနှင့်ဘားအံမြို့ပတ်လမ်းဆုံ၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လမ်း၊တံတားများ ရေရှည်တည်တံ့ကောင်းမွန်စေ ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပရေးအတွက် ရပ်ကွက်နေပြည်သူများမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူတို့က ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြု ရန်ပုံငွေကျပ် ၂၂၂၁ ဒဿမ ၀၉၆ သန်းဖြင့် မြို့ပတ်လမ်းအစ သီရိလမ်းထိပ်မှ ဘားအံ - ထုံးအိုင်လမ်းအထိ အရှည် ၃၃၆၃ ပေ၊ အကျယ် ၂၄ ပေ ရှိ နိုင်ကွန်ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ဘားအံမြို့ပတ်လမ်းသစ်ကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းရပ်(၆)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မြေသားလမ်းလုပ်ငန်း၊ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းတို့ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြို့ပတ်လမ်းသစ်သည် ဘားအံမြို့ကိုဖြတ်သန်းသွားသော အာဆီယံလမ်းမကြီးဖြစ်သည့် ဘားအံ-ထုံးအိုင် လမ်းနှင့် မြို့တွင်းသို့ဆက်သွယ်ဖောက်လုပ်ထားပြီး မြို့ပြအင်္ဂါရပ်နှင့်ကိုက်ညီသော လမ်းတစ်လမ်းဖြစ်ကာ ဒေသခံ ပြည်သူများသွားလာရေးပိုမိုလွယ်ကူစေပြီး လူမှုစီးပွားကဏ္ဍအတွက် များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အပြင် ဘားအံမြို့၏ဂုဏ်ကိုပိုမိုမြှင့်တင်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများ သည် အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့ပါသည်။

 

သတင်းစာများ - ၃၀၆၂ ခု

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download