(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း (၆၀)ပေအရှည်တံတားနှင့် (၁၈)ပေအကျယ်ကတ္တရာလမ်းဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 19, 2026


ဘားအံ - ဖေဖော်ဝါရီ (၁၉)

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန် လမ်း (၆၀)ပေအရှည်တံတားတစ်စင်းနှင့်(၁၈)ပေအကျယ်ကတ္တရာလမ်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါတံတားနှင့်လမ်းမုခ်ဦးတည်နေရာများ၌ ကျင်းပသည်။

ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းပေါ်ရှိ (၆၀)ပေအရှည်၊ (၂၄)ပေအကျယ်၊ ခံနိုင်ဝန်တန်(၆၀)ရှိသော သံကူကွန်ကရစ်တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားကမ္ပည်းမော်ကွန်းကျောက်စာ တိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ တံတားဖွင့်ပွဲသို့တက်ရောက်လာကြသော ယဉ်ကျေးမှုအဖွဲ့များ၊ ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ကြသည်။

အဆိုပါတံတားသည် မူလ (၄၀)ပေအရှည်၊ (၁၆)ပေအကျယ်၊ တံတားခံနိုင်ဝန်တန်(၂၀)ရှိခဲ့ရာမှ ဒေသခံတိုင်းရင်း သားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၂၉ သန်းဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါတံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းပေါ်ရှိ (၁၈)ပေအကျယ်ကတ္တရာလမ်း ၂ မိုင် ၂ ဖာလုံဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသော ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့နှင့်ယဉ်ကျေးမှု အဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းသည် ရပ်ကွက်/ကျေးရွာ ၁၃ ခုအား ဖြတ်သန်းချိတ်ဆက်ပေးထား၍ မိုင်အားဖြင့် ၁၉ မိုင် ၅ ဖာလုံရှိရာ ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၇၁၇ ဒဿမ ၈၆၀ သန်းဖြင့် မူလကတ္တရာလမ်း ၁၂ ပေအကျယ်အား (၁၈)ပေအကျယ်ကတ္တရာလမ်း ၂ မိုင် ၂ ဖာလုံသို့ အကျယ်ချဲ့ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါလမ်းပိုင်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ယင်းနောက် တံတားဖွင့်ပွဲနှင့်လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်မှသာ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ ကုန်စည် စီးဆင်းမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စွာ သွားလာလုပ်ဆောင်နိုင်မည်ဖြစ်၍ ဒေသခံတိုင်းရင်း သားပြည်သူ များ၏လူမှုစီးပွားဘဝအခြေအနေများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှအကုန်အကျခံ ဆောင်ရွက် ပေးထားသော မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေး ကြစေလိုပြီး အဆင့်မြှင့်တင်တိုးတက်ပြုပြင်ရန်ကျန်ရှိသည့် လမ်း၊တံတားများကို ဆက်လက်ဆောင်ရွက်ရာ တွင်လည်း အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင်က မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တံတားနှင့်လမ်းဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းစာများ - ၃၄၄၇ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download