မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမား ထောင်ထားသည့် မိုင်းများ ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 05, 2026


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ် ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေ အိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါ ရပ်ကွက်နေ မောင်ချစ်ဟိန်း(၁၅)နှစ်သည် မောင်သန့်ဇင်အောင်(၁၄)နှစ်၊ ဒေါ်ရီဝင်း(၃၅)နှစ်တို့နှင့်အတူ နေအိမ်၌ ဖေဖော်ဝါရီ ၂ ရက်က ကောက်ယူလာခဲ့သော စွန့်ပစ်အဟောင်းပစ္စည်းများအား ရောင်းချ ရန်အတွက် ထုပ် ပိုးပြင်ဆင်နေစဉ် သံတိုသံစဟု ထင်မှတ်၍ ကောက်ယူလာခဲ့သည့် ဗုံးသီးအဟောင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦးနှင့် အမျိုး သမီး နှစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့ နယ်၊ အမှတ်(၅)ရပ်ကွက်နေ ဦးအောင်ဝင်းမြင့် (၄၈)နှစ်၊ ကိုဘိုကိတ်(၂၆)နှစ်၊ မငယ်လေး(၂၆)နှစ်နှင့် မဆောင်းနှင်းခိုင်(၁၆)နှစ်တို့သည် ဦးအောင်ဝင်းမြင့် ကောက်ယူလာခဲ့သော စွန့်ပစ်အဟောင်းပစ္စည်းများအား ရောင်းချရန်အတွက် နေအိမ်၌ ထုပ်ပိုးပြင်ဆင်နေစဉ် အဆိုပါပစ္စည်းများအတွင်းမှ ရောနှောပါလာသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ လေးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

     ထို့အတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် မတ္တရာ မြို့နယ်၊ ဝန်စုကျေးရွာနေ ဦးအောင်သိန်းဦး(၅၁)နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ထောင်ထားသည့် မိုင်း တစ်လုံးအား ပေါက်ပြားဖြင့် ထိမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထို့အတူ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးကြီးရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ လားရှိုးမြို့နယ်၊ လားရှိုးကြီးရပ်ကွက်နေ ဦးခိုက်မြင်(၄၅)နှစ်သည် အဆိုပါရပ်ကွက်ရှိ တောအတွင်း၌ ဝါးခုတ်နေစဉ် MNDAA အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး လားရှိုးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၄၃၂ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download