Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆) တတိယနေ့ ဆက်လက်ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 04, 2026
image_latest


နေပြည်တော် မတ် ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူစံပြစိုက်ခင်းတွင် စိုက်ပျိုးထားသည့် မျိုးမြှင့်တင် ရွေးချယ်ထားသော ၇၄ ရက်သားရှိသည့် ဆင်းရွှေကြာ-၂ နေကြာ စိုက်ခင်းနှင့် စပ်မျိုးပြောင်း ၁၄ မျိုး အချင်းချင်းမျိုးကူးစပ်ခြင်းနည်းဖြင့် ဆောင်ရွက်၍ ပြောင်းဖူး Composite မျိုးများရရှိရန် မွေးမြူခြင်းစိုက်ခင်း၊ ပန်းနှမ်း၊ ပဲယဉ်းနီ၊ ပဲပုပ်ရေဆင်း ၁၅ ပေါင်ဖော်ကြဲပက်စိုက်နည်းစနစ် စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံပြီး နေကြာသီးနှံကို ရာသီအလိုက် အလှည့်ကျအပွင့်အရွယ်အစားနှင့် အထွက်တိုးစေနိုင်မည့် အပင်ပုံစံတို့ကို အချင်းချင်းဝတ်မှုန်ကူးစေခြင်းနည်းဖြင့် အပင်များအား ရွေးချယ်ပြီး နောက်တစ်ရာသီတွင် ပြန်လည်စိုက်ပျိုး၍ နှစ်စဉ်မျိုးထိန်းမြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီမည့် အပင်များကိုသာ ဂရုတစိုက်ရွေးချယ်ဝတ်မှုန်ကူးစေ၍ စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မျိုးမွေးမြူရေးလုပ်ငန်းများတွင် အခြေခံကြသော မျိုးကောင်းထုတ်လုပ်ရေးသည် အရေးကြီးသဖြင့် သီးသန့်အခြေခံမျိုးကွဲစုများဖန်တီး၍ ရွေးချယ်ရန်နှင့် စနစ်တကျလုပ်ဆောင်ခြင်းဖြင့် မျိုးမြှင့်တင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း၊ နေကြာစိုက်ပျိုးရေးလုပ်ဆောင်ရာတွင် “နေကြာစိုက်ပါပျားမွေးပါ၊ ပျားရည်လည်းရ ဆီလည်းရ”၊ “နေကြာနှင့် ပျားတူယှဉ်ထားဂေဟစီးပွားအကျိုးများ” ဆိုသည့်အတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ တတိယနေ့အဖြစ် ကျင်းပလျက်ရှိသည့် Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆) သို့ တက်ရောက်ပြီး လေ့လာရေးတောင်သူများအား တွေ့ဆုံ၍ တောင်သူများအနေဖြင့် မိမိစိုက်ချင်သည့် သီးနှံကိုစိုက်ခြင်းထက် စျေးကွက်ရှိသီးနှံကို ဦးစားပေး၍ လူထုအခြေပြုစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ စပါးအပြီး ပဲစင်းငုံကို စမ်းသပ်စိုက်ပျိုးကြည့်ရန်နှင့် အောင်မြင်ပါက စီးပွားရေးအရ ပိုမိုအကျိုးအမြတ်ရှိနိုင်ကြောင်း၊ ဒေသအလိုက် သုတေသနပြုလုပ်ရန်လိုအပ်ပြီး စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားကာ တောင်သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် တောင်သူများနှင့်အတူ GAP ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၉ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download