ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ငါးပြေမကျေးရွာ၊ အမှတ်(၂)လမ်းမကြီး၊ ကုလားဝဲတံတားအနီး ဆီဘောက်ဆာယာဉ် တစ်စီး မီးလောင်မှု 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ငါးပြေမကျေးရွာ၊ အမှတ်(၂)လမ်းမကြီး၊ ကုလားဝဲတံတားအနီး ဆီဘောက်ဆာယာဉ် တစ်စီး မီးလောင်မှု 


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 21, 2024


     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ငါးပြေမကျေးရွာ၊ အမှတ်(၂)လမ်းမကြီး၊ ကုလားဝဲတံတားအနီးတွင် သန်လျင်မြို့နယ်မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ယာဉ်မောင်း ဦးအောင်ဖြိုးထက် မောင်းနှင်သော ယာဉ်အမှတ် MDY-1 6D/XXXX NISSAN DIESEL အမျိုးအစား (ခဲစိမ်းရောင်) ဂါလန် ၃၁၀၀ ဆံ့ ဆီဘောက်ဆာယာဉ်သည် ကားစက်နှိုးရာမှ ဘက်ထရီမီးပွားပွင့်၍ ဆီထုတ်ပေါက်မှယိုစိမ့်နေသည့် ဆီနှင့်ထိတွေ့ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းနှင့် သာကေတမြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၆ စီးဖြင့်  မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၄ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါ မီးလောင်မှုကြောင့် NISSAN DIESEL အမျိုးအစား (ခဲစိမ်းရောင်)ယာဉ်၏ ခေါင်းပိုင်း၊ အပေါ်ထပ်တိုင်ကီ လေးခန်း၊ တာယာ နှစ်လုံးနှင့် ဒီဇယ်(ရိုးရိုး) ဂါလန် ၁၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးအောင်ဖြိုးထက်အား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,