ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ငွေကျပ် ၆,၀၈၈ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ငွေကျပ် ၆,၀၈၈ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်နေ ဒေါ်ညိုမီထွန်း(၅၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဘိန်းဖြူ ၂ ဒသမ ၉၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုး ငွေကျပ် ၇၄၂ ဒသမ ၅ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆,၄၀၀ ပြား (တစ်ပြားလျှင်‌ ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၅,၃၄၆ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ညိုမီထွန်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,