ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကျန်းမာရေးစောင့်ကြည့်မှုစခန်းများအဖြစ် ဆောင်ရွက်မည့်နေရာများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကျန်းမာရေးစောင့်ကြည့်မှုစခန်းများအဖြစ် ဆောင်ရွက်မည့်နေရာများအား ကြည့်ရှုစစ်ဆေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / April 01, 2020


ဘားအံ - မတ် ၃၁

 ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၃၁) ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် နေရပ်ပြန်လာကြသည့် ပြည်တော်ပြန်များအား သီးခြားထားရှိရန် ကျန်းမာရေးစောင့်ကြည့်မှုစခန်းများအဖြစ် ဆောင်ရွက်မည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှိုင်ဝကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း လှိုင်ဝကျေးရွာတို့အား ကျန်းမာရေးစောင့်ကြည့်မှုစခန်းအဖြစ် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး မြဝတီမြို့နယ်၊ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် နေရပ်ပြန်ပြည်သူများအား သီးခြားထားရှိနိုင်ရေး ကျန်းမာရေးစောင့်ကြည့်မှုစခန်းများအဖြစ် ဆောင်ရွက်နိုင်ရေး ကြည့်ရှု စစ်ဆေးခဲ့သည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြဝတီမြို့ အေးချမ်းဖြိုး ရိပ်သာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အများပြည်သူနှင့် ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရ မည်ဖြစ်ပြီး နေရပ်ပြန်ပြည်သူများအား သီးခြားထားရှိမည့် ကျန်းမာရေးစောင့်ကြည့်မှုစခန်းများတွင် ရေ၊ မီးနှင့် အခြား လိုအပ်သည်များအား စီမံထားရှိပေးရန်၊ (၁၄) ရက်တာ ကာလ အတွင်း ကျရာတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးကြပါရန်၊ ပြည်သူပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နေရပ်ပြန် ပြည်သူများအနေဖြင့် နိုင်ငံအတွက်(၁၄)ရက်ကို ကျန်းမာရေးစောင့်ကြည့်မှုစခန်းများတွင် နေပေးရမည်ဖြစ်သည့်အတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်ပေးကြရန် ပြောကြားပြီး မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်နှင့် ဌာနဆိုင်ရာများက ကျန်းမာရေးစောင့်ကြည့်မှုစခန်းများအတွက် လိုအပ်သည့် ဆေးဖျန်းကိရိယာများ၊ PPE ဝတ်စုံများ၊ သန့်ရှင်းရေးကိစ္စရပ်များ၊ ဧည့်ခံ ကျွေးမွေးရေး ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,