ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေးအတွက် စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေးအတွက် စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 16, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၅ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျောင်းအပ်နှံမှုပိုမိုတိုးတက်များပြားလာစေရေး၊ တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် စာရင်းကောက်ယူ နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်၊ ကျောင်းနေအရွယ်ကလေးများစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။