ကော့သောင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

ကော့သောင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / December 10, 2025
image_latest


ကော့သောင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

‎*********************************

‎ဇာဒက်ကြီး      ဒီဇင်ဘာ       ၁၀

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနိုင်ရန်အတွက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး(နည်းပညာ) ဒေါ်စိုးစိုးသီက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြယမုံဖူးက စီမံကိန်းလက်စွဲစာစောင်ပါ အသင်းသူ/သားများ လိုက်နာရန်စည်းကမ်းချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေနှင့် ကျေးလက်နေပြည်သူများ၏ တာဝန်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ဇာဒက်ကြီးကျေးရွာမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်းသုံးရာကို လွှဲပြောင်းပေးအပ်ခဲ့သည်။

‎‎အဆိုပါအခမ်းအနားသို့ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇာဒက်ကြီး ကျေးရွာမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

HOT NEWS
January 4,