ဂွမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

ဂွမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး ရေဝင်နစ်မြုပ်နေကြောင်း ဆက်သွယ်ရေးလေလှိုင်းမှသတင်းရရှိ၍ ယနေ့နံနက် ၁ နာရီ ၂၅ မိနစ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေအနီးသို့ရောက်ရှိခဲ့ပြီး လှေပေါ်တွင်လိုက်ပါလာသော လှေသား ၅ ဦးအား ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။