စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တကောင်းရပ်ကွက်ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ မန္တလေးမှ မုံရွာမြို့ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ မြစ်ငယ်မြို့နယ်၊ ဥယျာဉ်တော်ရပ်ကွက်နေ ထက်အောင်ဟိန်း(၃၀)နှစ် မောင်းနှင်လာသည့် MDY-18/7I-XXXX MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထက်အောင်ဟိန်း အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၅၅၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
