စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 19, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မြိုင်မြို့ဘက်သို့ မန္တလေး-ရွှေဘို-မုံရွာကားလမ်းအတိုင်း ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်နေ ထွန်းကျော် (၄၂)နှစ် မောင်းနှင်လာသည့် MDY/RLG-XXXX CROWN အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထွန်းကျော် အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၀၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
