စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 31, 2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကလေးစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာမအင်ကြင်းမေ၏ “စိတ်ကောင်းနှင့် ယှဉ်ရှေးရှုနှင်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ဝတ္ထုတို (၁၈) ပုဒ် ပါဝင်သည်။ မိုးရွာသွန်းချိန်ရေမတင်အောင် မြောင်းထဲမှ အမှိုက်သရိုက်များကို ဆယ်ထုတ်ကြသည့် ကလေးများ၏ ပရဟိတလုပ်အားပေးကြပုံ၊ ကမ္ဘာ့အမြင့်ဆုံးထိုင်တော်မူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လက်တွေ့ဖူးမြော်ခွင့်ရခြင်းဖြင့် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများရရှိခဲ့ပုံ၊ အချို့သောအနောက် နိုင်ငံကြီးများ၌ ကျင်းပသည့် Halloween Day အကြောင်းနှင့် မြန်မာနိုင်ငံ၌ မကျွတ်မလွတ်သူများအတွက် ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာပို့အမျှဝေသည့်ဓလေ့တို့ ခြားနားပုံ၊ စည်းလုံးညီညွတ်လျှင် အကျိုးခံစားရပြီး ဇွဲမလျှော့ခြင်းသည် အားကစားစိတ်ဓာတ်ဖြစ်ပုံတို့ကို ပြေပြစ်သောစကားပြေအရေးအသားတို့ဖြင့် ဇာတ်အိမ်ဖွဲ့တင်ပြထားသည်ကို တွေ့ရှိရသည်။ စာအရေးအသားများသည် ရိုးစင်း၍ ဝတ္ထုရေးဖွဲ့ရာတွင်လည်း စာရေးသူ၏စေတနာကို တွေ့မြင်ရကာ ကလေးများအတွက် ဗဟုသုတဖြစ်ဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ်ဖြစ်သဖြင့် ဝယ်ယူသိမ်းထားဖွယ်ကောင်းသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၃၅၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
မြန်မာ့အလင်း
