စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 31, 2025
image_latest


ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ်၊ ဒုတိယဆုရရှိသည့် စာရေးဆရာမ ရွှန်းညို (တာချီလိတ်) ၏ “ရှမ်းရှေ့မြေရနံ့နှင့် ကဗျာစုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ရှမ်းရှေ့မြေရနံ့၊ မိုင်ဆွန်ခရှမ်းရှေ့မြေ၊ သွေးချင်းပျော်မွေ့ရှမ်းအရှေ့၊ အလှတန်ဆောင်မြစ်မဲခေါင်၊ တိမ်ခိုးဝေဝေရှမ်းရှေ့မြေ စသည့်ကဗျာပုဒ်ရေ ၆၇ ပုဒ်ပါရှိပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ရိုးရာများကို ဖော်ကျူးထားသော ကဗျာအများစုပါရှိသည်။ မြန်မာကဗျာ စပ်ထုံးစပ်နည်းများ မှန်ကန်စွာဖြင့် လေးလုံးစပ်လင်္ကာ၊ ဒွေးချိုး၊ လေးဆစ်ချိုး၊ လေးချိုး၊ တျာချင်း၊ အိုင်ချင်း၊ ရတု စသည့်ကဗျာဖွဲ့နည်းများဖြင့် ရှမ်းအရှေ့ကဗျာများသာမက နိုင်ငံချစ်စိတ်ကဗျာများ၊ ချစ်ခြင်းမေတ္တာ ကဗျာများ၊ ရာသီဖွဲ့နှင့် မြန်မာ့ဓလေ့ကဗျာများကို အကြောင်းအရာစုံလင်စွာဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၄၀၀၀ ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာ့အလင်း

HOT NEWS
January 4,