ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ရရှိ
ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ရရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 18, 2025
နေပြည်တော် ဒီဇင်ဘာ ၁၇
ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ပထမနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိသည်။
အမျိုးသမီး Lightweight Women’s Single Sculls ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားမယ် နီလာဝင်းက ကြေးတံဆိပ်ဆွတ်ခူးရရှိပြီး ဗီယက်နမ်ကစားသမား သီဒွေဟိုက ရွှေတံဆိပ်၊ ဖိလစ်ပိုင်ကစားသမား ဒယ်ဂါကိုက ငွေတံဆိပ်ဆုရရှိသည်။ ကြေးတံဆိပ်ဆုရရှိ သည့် နီလာဝင်းကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် နာယက ဦးကျော်စိန်၊ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း (Jewellery Luck Group of Companies)က ဆုကြေးငွေကျပ်သိန်း ၅၀ ချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဒုတိယနေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MRF
