ညောင်ပင်သာကျေးရွာ၌ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း စစ်ဆေး

ညောင်ပင်သာကျေးရွာ၌ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း စစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2023
image_latest


အောင်လံ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ပင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ် ၄၉သိန်းဖြင့် ကျေးရွာတွင်း ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့မြစိမ်းရောင်းစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ကေသီအောင်နှင့် အင်ဂျင်နီယာ ဝန်ထမ်းများမှ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရမည် ဖြစ်ကြာင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ညောင်ပင်သာကျေးရွာတွင် အရှည် ၄၄၀၀ပေ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ငွေကျပ် ၄၉ သိန်း၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေ ၁၉၂၆၄၀၀၀ စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၄၁၆၄၀၀၀ဖြင့် ဩဂုတ်လ စတုတ္ထအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၉၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီအောင်ထံမှ သိရသည်။

အဆိုပါ ကျေးရွာ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၁၀အိမ်၊ လူဦးရေ ၅၅၀ဦးတို့အတွက် မီးအလင်းရရှိပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်က ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သိရသည်။