တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 13, 2026
နေပြည်တော် မေ ၁၂
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၂၆ခုနှစ် ဇွန်လ ၂ ရက်၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ အမျိုးသား လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် - ၁၉ (I -19) သို့ ၂၀၂၆ခုနှစ် မေလ ၃ဝ ရက် (စနေနေ့) ထက်မစော မေလ ၃၁ ရက်(တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ဖြစ်ပါသည်။
သတင်းစဉ်
