တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၃) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၃) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 20, 2026
image_latest


နေပြည်တော် မတ် ၂၀

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့တက်ရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက မြိတ်မြို့၊ နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အသုံးအဆောင်ပစ္စည်းအားပေးအပ်ပြီး ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။