တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိကမဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၆ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၄ ဦး၊ ခွဲစိတ်ရောဂါ ၂၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၆ ဦး၊ ကလေး ရောဂါ ၈၆ ဦး၊ အရိုးရောဂါ ၃၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀၊ မျက်စိရောဂါ ၄၈ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ လေးဦး၊ မျက်စိခွဲစိတ်လူနာ သုံးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ခုနစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်) ပေါ်၌ မွေးဖွားပေးခဲ့သော ထနီးကျေးရွာနေ အဖ ဦးသက်ပိုင်မှူး၊ အမိ ဒေါ်ဇင်မီမီထက်တို့၏ အသက်နှစ်နှစ်အရွယ်ရှိ သား မောင်စိုးထက်ရွှေအား တာဝန်ရှိသူများက ဆေးရုံရေယာဉ်ပေါ်တွင် ခေါ်ယူတွေ့ဆုံ၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) က ချီးမြှင့်ပေးအပ်သည့် ကလေးပစ္စည်းများနှင့် အာဟာရပြည့်အစားအစာများကို ပေးအပ်ခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါသည် -

၁။ ကျွန်မကတော့ OG လာပြတာပါ။ ဒီမှာက အခမဲ့ဆိုတော့ အကုန်အကျလည်း သက်သာတော့ ဒီကိုလာပြတာပါ။ ထနီးကနေ ဒီကို လာရတာ လမ်းလျှောက်ပြီး လာရတော့ အဝေးကြီးပဲ။ ပိုက်ဆံမရှိတဲ့သူတွေဆိုရင် လာလို့ရတာပေါ့။ ဒီလေးအိမ်စု စာသင်ကျောင်းနားလေးပေါ့။ အကုန် လုံးကတော့ အဆင်ပြေပါတယ်။ သဘောလည်း ကောင်းကြပါတယ်။ ဆရာ ဆရာမတွေ အကုန်လုံးကလည်း ဖော်ဖော်ရွေရွေရှိကြပါတယ်။ အဲဒီလို မကြာခဏလေး လာကုသပေးတော့ ကျွန်မတို့လို မရှိတဲ့သူတွေကျတော့ အများကြီးအဆင်ပြေပါတယ်။ ဒီလေးအိမ်စုကို လာကုပေးတဲ့ ဆရာ ဆရာမတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အခုလို ဆေးကုသပေးဖို့ စေလွှတ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကျွန်မက ပြောချင်ပါတယ်။

၂။ နယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ လာမွေးတဲ့အခါကျတော့ အစစအရာရာ အဆင်ပြေတယ်။ သွားရေးလာရေးရော ငွေကြေးပိုင်းကအစ အကုန်လုံးထောက်ပံ့ ပေးတယ်။ မွေးတုန်းကဆိုရင် ထောက်ပံ့ငွေက တစ်သိန်း၊ ကလေးအနှီးက နှစ်ပါကင်၊ ကြက်ဥက တစ်ကတ်၊ အိုဗာတင်းက တစ်ဘူး၊ လက်ဖက်ရည်ပါကင်ထုပ်တစ်ထုပ် ထောက်ပံ့ပေးပါတယ်။ ခွဲစိတ်ခတွေလည်း မပေးရဘူး။ အကုန်လုံး က FOC လုပ်ပေးတာပါ။ နယ်လှည့်ဆေးကုသရေးအဖွဲ့ တစ်နှစ်တစ်ခါ လာတဲ့အခါကျတော့ ညီမတို့ ဒီနယ်က လူတွေအတွက်ကတော့ ပိုအဆင်ပြေတာပေါ့။ ရွာဘက်မှာ နေတာကြာတော့ ဆေးတကယ့်တကယ် ကုသလို့ရှိရင် မြို့ပေါ်ကိုသွားနေရတယ်။ မြို့ပေါ်သွားရတော့ လမ်းစရိတ်တွေ၊ အချိန်တွေကအစ အများကြီးပေးရပါတယ်။ ငွေရေးကြေးရေး ကအစ အများကြီးကွာတယ်။ ဒီမှာကျတော့ ဆေးလာကုသပေးတဲ့အခါကျတော့ ပိုက်ဆံလည်း မပေးရဘူး။ ဆရာကြီးတွေနဲ့ တွေ့ပြီးတော့ တိုက်ရိုက်စမ်းသပ်ရတဲ့အခါကျ‌တော့ ပိုအဆင်ပြေပါ တယ်။ ဆေးရုံမှာ သီးသန့်သွားမွေးရမယ်ဆိုရင်တော့ ဒီတိုင်းအခက်အခဲလေးတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီမှာပဲ လာမွေးလိုက်တော့ ဒီကဗိုလ်ကြီးတွေရော အကုန်လုံးက အစစအရာရာ အဆင်ပြေအောင်လုပ်ပေးပါတယ်။ အပြင်မှာ ဒီအတိုင်းမွေးမယ်ဆိုရင် ပိုက်ဆံကုန်မယ်။ ဒီမှာကျတော့ ကလေးထောက်ပံ့ကြေးပါ ပြန်ရတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အကြီးအကဲတွေရော၊ ဒီကဗိုလ်ကြီး တွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

သတင်းစဉ်

HOT NEWS
January 4,