ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ်ဝါဖိစက်များထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်

ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ်ဝါဖိစက်များထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ်မြိုင်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ မြိုင်ကုန်း စိုက်ပျိုးရေးနှင့်အထွေထွေစီးပွား ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လာမည့်မိုးဝါစိုက်ပျိုးရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ရေး၊ ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ်ဝါဖိစက်များ ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမဝါစိုက်ပျိုးရေး အသင်းများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်၊ အဆင့်မီဝါများရရှိအောင် စိုက်ပျိုးရေးနည်းပညာများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မြိုင်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစု များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ဝါစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ သိကောင်းစရာများကို တောင်သူအသိပညာပေးရှင်းလင်းဆွေးနွေးကြကာ အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၏ ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ စုပေါင်းရုံးခန်းမတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဖျောက်ဆိပ်ပင် ကျေးရွာ၊ ကင်းကျေးရွာ၊ တောင်တော်ကျေးရွာနှင့် ကျောက်ဖျာကျေးရွာတို့မှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝါစိုက်ပျိုးရေးလုပ်ငန်းအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဆီထွက်သီးနှံစိုက်ပျိုးရေး၊ လာမည့်မိုးစပါး ရာသီစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုရေးလုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,