ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင် လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားရှိသည့်နှစ်ရှည်ပင်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင် လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားရှိသည့်နှစ်ရှည်ပင်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2026
နေပြည်တော် မေ ၁၇
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် တော်ဝင်ရတနာလမ်းပေါ်ရှိ လမ်းလယ်ကျွန်းနှင့် ရာဇဌာနီလမ်း (နှင်းဆီပန်းအဝိုင်းမှ ပဒုမ္မာကြာပန်းအဝိုင်း) တစ်လျှောက်ရှိ လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားရှိသည့်နှစ်ရှည်ပင်များ ပုံသွင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဝင်ရောက်ကြည့်ရှုနိုင်
နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုသိရှိလိုပါက https://www. facebook.com/www.nptdc.gov.mm/ Facebook Page၊ htps://t.me/myanmarnptd Telegram Channel၊ https://www.tiktok.com/@pridinformation?is - from-webapp=1&sender-device=pc TikTok Account နှင့် https:// www.nptdc.gov.mm/ Website တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်
