ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ သစ်များကိုလူတွေ့စစ်ဆေး

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ သစ်များကိုလူတွေ့စစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 06, 2023
image_latest


ရန်ကုန်  နိုဝင်ဘာ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်‌ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ 

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ သင်တန်းဆင် ကျောင်းသား၊ ကျောင်းသူ ၃၃၄ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့တွင် အကြီးတန်းစာရေးရာထူး များဖြင့် ခန့်အပ်တာဝန်ပေးခဲ့ပြီး  နယ်စပ်ရေးရာဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်မည့် အကြီးတန်းစာရေး ၆၄ ဦးအတွက် လုပ်ငန်းခွင်အကြို သင်တန်းအား  နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ရက်သတ္တပတ်၄ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်အကြို သင်တန်းသား၊ သင်တန်းသူများအား နေရာချထားသည့် အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးရှိ မိုခါမုန်တိုင်း ဒဏ်ကြောင့်ပျက်စီးခဲ့သော အမှတ်(၄) မော်တော်ယာဉ်ဂိုထောင် ပြန်လည်ပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် ရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူသစ်များကို လူတွေ့စစ်ဆေးခဲ့ ကြောင်းသိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,