ဒုတိယဝန်ကြီး ဦးကိုကိုကျော် နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးအား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဦးကိုကိုကျော် နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးအား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 28, 2025
image_latest


နေပြည်တော် ဩဂုတ် ၂၇

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာ ဂီမီရေးအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကောင်စစ်ရေးရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,