ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) တိုးဂိတ်များ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) တိုးဂိတ်များ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 27, 2024
image_latest


နေပြည်တော် ဧပြီ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော တိုးဂိတ်များဖြစ်ကြသည့် စီလမ်းဆုံတိုးဂိတ်၊ ပန်းတင်မီနီတိုးဂိတ်၊ သီးကုန်းမီနီတိုးဂိတ်၊ သီးကုန်းတိုးဂိတ်၊ ကံကောင်းမီနီတိုးဂိတ်၊ စကားအင်းတိုးဂိတ်၊ တံခွန်တိုင်တိုးဂိတ်များ၏ လမ်းအသုံးပြုခကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ) များနှင့် တိုးဂိတ်တာဝန်ခံများက နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အဝကောက်ခံရရှိရေး၊ လက်လုပ်ပြေစာများဖြင့် ကောက်ခံမှုမရှိစေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ကောက်ခံရရှိငွေစာရင်းများ ပြုလုပ်ရာတွင် ပုံစံအမျိုးမျိုး မဖြစ်စေဘဲ ရုံးချုပ်မှ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဆောင်ရွက်ရေး၊ တိုးဂိတ်များအားလုံး CCTV/ ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်စေပြီး လျှပ်စစ်မီး မပြတ်တောက်စေရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ တိုးဂိတ်ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ယာဉ်ရပ်နားစခန်းဝင်းအတွင်း/ အပြင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည် နိုင်ငံတော်အတွက် အဓိကအရေးပါသည့် လမ်းမကြီးဖြစ်သဖြင့် တာဝန်ရှိသူ အဆင့်ဆင့် ကအမြဲမပြတ်စစ်ဆေးပြီး အလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြား၍ တိုးဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,