နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 27, 2022
image_latest


နေပြည်တော် ဧပြီ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။

အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလအတွင်း လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝမခံစားရသေးသောကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူများ အားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)နှင့် မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး (ဗဟို) တို့က ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်များကို ယနေ့တွင် အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။